[Zawgyi]

Red Hydrogen One နဲ႔ပတ္သတ္ျပီး စိတ္ဝင္စားစရာ အခ်က္အလက္ေလးေတြနဲ႔ ပံုေလးကို Android Central ကေန ထြက္ရိွလာပါတယ္။

ပံုပါအတိုင္းဆို Hydrogen One မွာ 5.7-inch 2560 x 1440p Resolution ရိွတဲ့ Display နဲ႔ သူ႔ရဲ႕ Display က H4V Holographic သံုးဖက္ျမင္ Content ေတြကို Support လုပ္ေပးႏုိင္မွာ ျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ Dual Front-Facing Stereo Speaker, ထိပ္ဖက္မွာ နားၾကပ္ေပါက္၊ ေအာက္ဘက္မွာ Type-C အားသြင္းေပါက္ ပါပါတယ္။ ဖုန္းရဲ႕ Power Button မွာပဲ Fingerprint Sensor ပါျပီးသားဆိုေတာ့  ေၾကြေတာ့ေၾကြခ်င္စရာပါပဲ။ ထိပ္ဖက္ စပီကာရဲ႕ ေဘးဘက္မွာေတာ့ 8.3MP ကင္မရာ ၂လံုးနဲ႔ Notch လည္း ေတြ႔ရမွာ မဟုတ္ပါဘူး။

စိတ္ဝင္စားစရာက ခုမွစပါျပီ။ ထိပ္ဖက္နားမွာပဲ Dual 12.3MP ကင္မရာေတြရိွျပီး သံုးဖက္ျမင္ပံုေတြ ဗီဒီယိုေတြကို ရိုက္ကူးႏုိင္မွာပါ။ ေအာက္ဘက္နားမွာေတာ့ Pogo Connector ေလးပါျပီး ဖုနး္ကုိ Accessories ေတြနဲ႔ တြဲသံုးလို႔ရႏိုင္ေစမွာပါ။ ဖုန္းရဲ႕ ကိုယ္ထည္ကိုေတာ့ အလူမီနီယမ္  တိုက္ေတနီယမ္နဲ႔ တည္ေဆာက္ထားမွာျဖစ္ျပီး ေတာ္ေတာ္ေလးေတာ့ ထူးျခားေနမယ့္ဖုန္းေလးလို႔ေတာ့ ျမင္ပါတယ္။

ဖုန္းရဲ႕ Battery ကေတာ့ 4500mAh Battery ကိုသံုးထားျပီး RAM 6GB, Storage 128GB  နဲ႔ပါ။ ႏွစ္မ်ားစြာမေတြ႔ရခဲ့တဲ့ LED Notification ျပတဲ့မီးေရာင္ေလးကို ဒီဖုန္းေတြမွာ ျမင္ရမွာျဖစ္ျပီး Snapdragon 835 Processor နဲ႔ထြက္လာမယ္လုိ႔သိရပါတယ္။ ဘယ္ခ်ိန္ဘယ္လိုထြက္လာမလဲဆိုတာကိုေတာ့ အခုထိ Update သတင္း မသိရေသးပါဘူး။

Ref: AndroidAuthority

[Unicode]

Red Hydrogen One နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ အချက်အလက်လေးတွေနဲ့ ပုံလေးကို Android Central ကနေ ထွက်ရှိလာပါတယ်။

ပုံပါအတိုင်းဆို Hydrogen One မှာ 5.7-inch 2560 x 1440p Resolution ရှိတဲ့ Display နဲ့ သူ့ရဲ့ Display က H4V Holographic သုံးဖက်မြင် Content တွေကို Support လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ Dual Front-Facing Stereo Speaker, ထိပ်ဖက်မှာ နားကြပ်ပေါက်၊ အောက်ဘက်မှာ Type-C အားသွင်းပေါက် ပါပါတယ်။ ဖုန်းရဲ့ Power Button မှာပဲ Fingerprint Sensor ပါပြီးသားဆိုတော့  ကြွေတော့ကြွေချင်စရာပါပဲ။ ထိပ်ဖက် စပီကာရဲ့ ဘေးဘက်မှာတော့ 8.3MP ကင်မရာ ၂လုံးနဲ့ Notch လည်း တွေ့ရမှာ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာက ခုမှစပါပြီ။ ထိပ်ဖက်နားမှာပဲ Dual 12.3MP ကင်မရာတွေရှိပြီး သုံးဖက်မြင်ပုံတွေ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။ အောက်ဘက်နားမှာတော့ Pogo Connector လေးပါပြီး ဖုန်းကို Accessories တွေနဲ့ တွဲသုံးလို့ရနိုင်စေမှာပါ။ ဖုန်းရဲ့ ကိုယ်ထည်ကိုတော့ အလူမီနီယမ်  တိုက်တေနီယမ်နဲ့ တည်ဆောက်ထားမှာဖြစ်ပြီး တော်တော်လေးတော့ ထူးခြားနေမယ့်ဖုန်းလေးလို့တော့ မြင်ပါတယ်။

ဖုန်းရဲ့ Battery ကတော့ 4500mAh Battery ကိုသုံးထားပြီး RAM 6GB, Storage 128GB  နဲ့ပါ။ နှစ်များစွာမတွေ့ရခဲ့တဲ့ LED Notification ပြတဲ့မီးရောင်လေးကို ဒီဖုန်းတွေမှာ မြင်ရမှာဖြစ်ပြီး Snapdragon 835 Processor နဲ့ထွက်လာမယ်လို့သိရပါတယ်။ ဘယ်ချိန်ဘယ်လိုထွက်လာမလဲဆိုတာကိုတော့ အခုထိ Update သတင်း မသိရသေးပါဘူး။

Ref: AndroidAuthority