ပြီးခဲ့တဲ့ လက တရုတ်မှာ စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ Red Magic 8 Pro Series ကို ကြေညာခဲ့ပြီး Red Magic 8 Pro နဲ့ Red Magic 8 Pro+ တို့ ပါလာပါတယ်။ အခုတော့ Red Magic 8 Pro ကို နိုင်ငံတကာအတွက် ချပြတော့မှာပါ။

Red Magic 8 Pro+ ကို နိုင်ငံတကာအတွက် ကြေညာမှာ မဟုတ်လောက်ဘဲ Red Magic 8 Pro ရဲ့ နိုင်ငံတကာ မော်ဒယ်မှာ Specs တချို့ကို ပြောင်းလဲထားမှာပါ။ တရားဝင် Teaser အရ Red Magic 8 Pro နိုင်ငံတကာ မော်ဒယ်မှာ 65W Fast Charging ထည့်ထားမှာပါ။ တရုတ် မော်ဒယ်မှာတော့ 80W Fast Charging ပါလာတာပါ။ ဘက်ထရီက တူညီပြီး 6,000mAh ဖြစ်ပါတယ်။

Red Magic

တရုတ်က Red Magic 8 Pro မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထုတ်လုပ်ပေးထားပါတယ်။

၆.၈ လက်မ OLED 2480x1116p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Android 13 အခြေပြု Red Magic OS 6.0 မောင်းနှင်ထားပါတယ်။

Ref : gizmochina