လက်ရှိ တရုတ်နိုင်ငံတွင်းမှာ Gaming Phone တွေနဲ့ အောင်မြင်မှုရရှိနေတဲ့ Nubia ကုမ္ပဏီဟာ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ Red Magic 8S Pro ဖုန်းကို အသစ်မိတ်ဆက်သွားဖို့ စီစဥ်ထားပါတယ်။ အဆိုပါ Red Magic 8S Pro ဖုန်းဟာ မနှစ်တုန်းက ထွက်ရှိထားတဲ့ Red Magic 8 Pro ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်ပြီး အဆင့်မြှင့်တင်မှုတွေအများအပြား ပြုလုပ်ထားမှာဖြစ်ပါတယ်။

အခုလည်း Nubia ကနေ Red Magic 8S Pro ဖုန်းမှာ ပါဝင်လာမယ့် Feature အသစ်တစ်ခုကို Teaser အနေနဲ့ ထုတ်ပြလိုက်ပါတယ်။ ဒါကတော့ ကြီးမားတဲ့ 6000mAh Battery ကိုထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကို Heavy အသုံးပြုတဲ့သူတွေအပြင် Gamer တွေအတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။

ဒါ့အပြင် Fast Charging ပိုင်းအတွက်လည်း 165W Fast Charging ကို ထည့်သွင်းပေးထားမှာဖြစ်ပြီး Nubia ရဲ့ ပြောကြားချက်အရ 0-100% ကို ၁၄ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။

Performance ပိုင်းကို Qualcomm ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Snapdragon 8+ Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM ကိုလည်း 24GB အထိ ထည့်သွင်းပေးထားဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Red Magic 8S Pro ဖုန်းဟာ ဒီနှစ်အတွက် စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – Gizmo China