လွန်ခဲ့တဲ့မတ်လတုန်းက Redmi 9 လို့ယူဆရတဲ့ Device တစ်ခုရဲ့ ရုပ်ပုံပေါ်ထွက်လာပြီးတဲ့နောက် ဒီဟန်းဆက်ရဲ့သတင်းဟာ အတော်လေးငြိမ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ Xiaomi ရဲ့ တရားဝင်စာမျက်နှာမှာ မော်ဒယ်နံပါတ် M2004J19G နဲ့ ပြန်လည်မြင်တွေ့လာရတာ ဖြစ်ပါတယ်။

M2004J19G ဟာ 3C မှာလည်း 10W charger နဲ့ အတူစာရင်းဝင်ထားတာ ဖြစ်ပါတယ်။ အခုလည်း FCC ရဲ့ ဖိုင်တွေကြားမှာ ဒီဟန်းဆက်ရဲ့ ဘက်ထရီပမာဏအကြောင်း သိနိုင်မယ့် အချက်အလက်တွေ ထွက်ပေါ်လာပြန်ပြီ ဖြစ်ပါတယ်။ FCC certifaction အရ Redmi 9 ရဲ့ ဘက်ထရီပမာဏကိုလည်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ Redmi 9 မှာ 5,000mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် FCC ရဲ့ ဖိုင်တွေမှာတော့ 10W နဲ့ပတ်သက်တဲ့ အချက်အလက် ရှာဖွေလို့မတွေ့ခဲ့ပါဘူး။ ဒါကြောင့် Redmi 8 နဲ့ 8A တွေတောင် 18W အားသွင်းစနစ်ရှိခဲ့ပေမယ့် Redmi 9 ကျမှ ဘာဖြစ်လို့ ပိုပြီးနည်းသွားရလဲဆိုတာနဲ့ ပတ်သက်တဲ့အဖြေကိုလည်း ရှာမတွေ့ခဲ့ဘူးလို့ ဆိုရမှာပါ။

အခုအချိန်ထိ ထွက်ပေါ်ထားတဲ့သတင်းတွေအရ Redmi 9 ဟာ 6.6-inch မျက်နှာပြင်နဲ့ဖြစ်ပြီး Helio G70 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ကျောဘက်မှာလည်း 13MP အဓိကကင်မရာ + 8MP ultrawide + 5MP macro + 2MP depth sensor တွေပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။

Ref: GSM Arena