Zawgyi

Google ကေန မၾကာေသးခင္ကမွ Android 10 ကို တရားဝင္ Stable Update ထုတ္ေပးလိုက္တာျဖစ္ပါတယ္။ Android 10 Update ဟာ Google ရဲ႕ ကိုယ္ပိုင္ Pixel Series စမတ္ဖုန္းေတြပဲ ထြက္ထြက္ခ်င္း Update လုပ္ႏိုင္တာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ ထူးထူးဆန္းဆန္း Brand တစ္ခုကေန Pixel ဖုန္းေတြနဲ႔အၿပိဳင္ Android 10 Update ကို ထုတ္ေပးလိုက္ပါတယ္။

ဒါကေတာ့ Xiaomi ပဲျဖစ္ၿပီး လက္ရွိမွာလည္း Flagship Killer အေနနဲ႔ နာမည္ႀကီးေနတဲ့ Redmi K20 Pro စမတ္ဖုန္းကို Android 10 Update ကို Stable Version ထုတ္ေပးလိုက္တာပဲျဖစ္ပါတယ္။ အခု Update က China ROM အေနနဲ႔ေရာ India အတြက္ Global ROM အေနနဲ႔ပါ ထြက္ရွိလာတာလည္းျဖစ္ပါတယ္။

Xiaomi ဟာ အခု Redmi K20 Pro အတြက္ MIUI 10 Beta Tester ေတြကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔ထဲက တ႐ုတ္မွာေခၚယူေနတဲ့အတြက္ Android 10 ကို တျခားသူေတြထက္ေစာၿပီး ထုတ္ေပးမယ္ဆိုတာကို ခန္႔မွန္းႏိုင္ခဲ့ေပမယ့္ ဒီေလာက္ေစာမယ္ဆိုတာကိုေတာ့ ဘယ္သူမွမသိရွိခဲ့တာျဖစ္ပါတယ္။ Redmi K20 Pro ဖုန္းက Update ရရွိခဲ့ေပမယ့္လည္း Global Version အေနနဲ႔ ထြက္ရွိထားတဲ့ Xiaomi Mi 9T Pro ကေတ့ာ အခုထိ Update မရေသးပါဘူး။

Redmi K20 Pro ဖုန္းလိုပဲ Pixel စမတ္ဖုန္းေတြနဲ႔အတူ Android 10 Stable Update ကို ရရွိခဲ့တာက Essential စမတ္ဖုန္းလည္း ရရွိခဲ့ၿပီးေတာ့ ယခင္က Pixel နဲ႔အၿပိဳင္ Update ထုတ္ေပးမယ္ဆိုတဲ့ OnePlus ကေတာ့ OnePlus 7 နဲ႔ OnePlus 7 Pro ဖုန္းေတြအတြက္ Android 10 Open Beta Update ကိုပဲ ထုတ္ေပးႏိုင္ခဲ့ပါတယ္။

Ref – Android Authority

Unicode

Google ကနေ မကြာသေးခင်ကမှ Android 10 ကို တရားဝင် Stable Update ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ Android 10 Update ဟာ Google ရဲ့ ကိုယ်ပိုင် Pixel Series စမတ်ဖုန်းတွေပဲ ထွက်ထွက်ချင်း Update လုပ်နိုင်တာဖြစ်ပေမယ့် အခုအချိန်မှာတော့ ထူးထူးဆန်းဆန်း Brand တစ်ခုကနေ Pixel ဖုန်းတွေနဲ့အပြိုင် Android 10 Update ကို ထုတ်ပေးလိုက်ပါတယ်။

ဒါကတော့ Xiaomi ပဲဖြစ်ပြီး လက်ရှိမှာလည်း Flagship Killer အနေနဲ့ နာမည်ကြီးနေတဲ့ Redmi K20 Pro စမတ်ဖုန်းကို Android 10 Update ကို Stable Version ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ အခု Update က China ROM အနေနဲ့ရော India အတွက် Global ROM အနေနဲ့ပါ ထွက်ရှိလာတာလည်းဖြစ်ပါတယ်။

Xiaomi ဟာ အခု Redmi K20 Pro အတွက် MIUI 10 Beta Tester တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထဲက တရုတ်မှာခေါ်ယူနေတဲ့အတွက် Android 10 ကို တခြားသူတွေထက်စောပြီး ထုတ်ပေးမယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့ပေမယ့် ဒီလောက်စောမယ်ဆိုတာကိုတော့ ဘယ်သူမှမသိရှိခဲ့တာဖြစ်ပါတယ်။ Redmi K20 Pro ဖုန်းက Update ရရှိခဲ့ပေမယ့်လည်း Global Version အနေနဲ့ ထွက်ရှိထားတဲ့ Xiaomi Mi 9T Pro ကတေ့ာ အခုထိ Update မရသေးပါဘူး။

Redmi K20 Pro ဖုန်းလိုပဲ Pixel စမတ်ဖုန်းတွေနဲ့အတူ Android 10 Stable Update ကို ရရှိခဲ့တာက Essential စမတ်ဖုန်းလည်း ရရှိခဲ့ပြီးတော့ ယခင်က Pixel နဲ့အပြိုင် Update ထုတ်ပေးမယ်ဆိုတဲ့ OnePlus ကတော့ OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေအတွက် Android 10 Open Beta Update ကိုပဲ ထုတ်ပေးနိုင်ခဲ့ပါတယ်။

Ref – Android Authority