Xiaomi ကနေ Redmi K30 Pro ကို မတ်လ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Redmi K30 Pro ရဲ့ အပြာရောင် Version ကို Official Render ဓါတ်ပုံမြင်တွေ့ခဲ့ရပြီးတော့ အခုအချိန်မှာတော့ အဖြူရောင်ကိုပါထပ်မံတွေ့မြင်ရပြန်ပါပြီ။

ယခု ဓါတ်ပုံတွေကို Redmi Weibo Page ကနေ ထုတ်ပြန်တာဖြစ်ပြီး Redmi K30 Pro အဖြူရောင်မှာတော့ Glass Back ၊ Metallic Frame တွေအပြင် Power Button အနီရောင်ကိုပါ တွေ့မြင်ခဲ့ရပါတယ်။ ဒုတိယဓါတ်ပုံမှာတော့ ဖုန်းရဲ့ အရှေ့ဘက်ပိုင်းနဲ့အတူ Pop-up Selfie Camera ကိုပါ ဖော်ပြထားပြီး Fantasy Westward Journey 3D Game ရဲ့ Character ကို အသုံးပြုထားတဲ့အတွက် Limited Edition ဖြစ်လာနိုင်ပါတယ်။

ကျန်တဲ့အချက်အလက်တွေအနေနဲ့လည်း Redmi K30 Pro ဖုန်းမှာ Linear Vibration Motor ကို အသုံးပြုလာမှာဖြစ်ပြီး MIUI ရဲ့ နေရာ ၁၅၀ ကျော်အတွက် Optimize ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Display ပိုင်းမှာလည်း TUV Certified ဖြစ်သလို ပိုပြီးကောင်းမွန်တဲ့ Gaming Experience အတွက် Game Turbo 3.0 လည်းပါဝင်ဦးမှာပါ။

Ref – GSM Arena