Xiaomi ကနေ Redmi K30 Pro ဖုန်းကို မတ်လ ၂၄ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Xiaomi ရဲ့ Vice President ဖြစ်တဲ့ Lu Weibing ကနေ Redmi K30 Pro ရဲ့ ဓါတ်ပုံကိုပါထုတ်ပြခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံအရတော့ Leak တွေထွက်ရှိထားသလိုမျိုးပဲ Redmi K30 Pro ဟာ Glass Body ကိုမှ အပြာရောင်ထွက်ရှိလာမှာဖြစ်ပြီး နောက်ကျောဘက် Quad Camera Design ကလည်း OnePlus 7T လိုမျိုး အဝိုင်းပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ အပေါ်ဘက်မှာ Selfie Pop-up Camera အပြင် Headphone Jack ပါ ပါဝင်တာကိုလည်းတွေ့ရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Redmi ရဲ့ Product Manager ဖြစ်တဲ့ Wang Teng ကနေ Redmi K30 Pro နဲ့ Honor V30 Pro ဖုန်း ၂ လုံးကို ယှဥ်ပြီး Antutu နဲ့ Storage Speed ကို နှိုင်းယှဥ်ထားတဲ့ Video တွေကိုပါ တင်ထားခဲ့ပါတယ်။ Redmi K30 Pro ဖုန်းဟာ Snapdragon 865 Processor နဲ့ UFS 3.1 Storage ပါဝင်တာဖြစ်ပြီး Honor V30 Pro ကတော့ Kirin 990 Processor နဲ့ UFS 3.0 Storage ပါဝင်တာဖြစ်ပါတယ်။

Antutu ရမှတ်မှာတော့ Honor V30 Pro က ရမှတ် ၅၂၀,၀၀၀ ကျော်ရရှိခဲ့ပြီး Redmi K30 Pro ကတော့ ရမှတ် ၆၀၀,၀၀၀ ကျော်ရရှိခဲ့တာဖြစ်ပါတယ်။ Androbench Storage Test မှာလည်း Redmi K30 Pro က 1752 MB/s Sequential Read နဲ့ 745 MB/s Sequential Write ရရှိထားပြီး Honor V30 Pro ကတော့ 1617 MB/s Sequential Read နဲ့ 215 MB/s Sequential Write ဆိုပြီးပဲ ရရှိထားတာပါ။

 

ဒီလိုမျိုး Redmi K30 Pro အနေနဲ့ Benchmark တွေမှာ အသာရနေတာကလည်း UFS 3.1 ရဲ့ Feature အသစ်ဖြစ်တဲ့ TurboWrite နည်းပညာပါဝင်တာကြောင့်ဖြစ်နိုင်ပါတယ်။

Ref – GSM Arena