အရင်သတင်းတွေအရ Redmi K30 Pro ကို ဒီလကုန်မှာ ကြေညာမယ်လို့ သိရပြီး Snapdragon 865 Chipset ပါတဲ့ ဈေးအသက်သာဆုံး ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီက အဲဒီဖုန်း ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။ အခုတော့ Xiaomi China ရဲ့ ဒုတိယ ဥက္ကဌ Wang Xiaoyan က Huawei P40 Series မတိုင်ခင် ကြေညာမယ်လို့ ဝီဘိုမှာ သတင်းပေးလိုက်ပါတယ်။

Xiaoyan ရဲ့ အရင်က ပို့စ် ၁ ခုမှာ လူတစ်ယောက်က Redmi K30 Pro ကြေညာမယ့်နေ့ကို မေးမြန်းခဲ့တဲ့အခါမှာ သူက P40 မတိုင်ခင်လို့ ပြန်ဖြေခဲ့ပါတယ်။ Huawei P40 Series တွေကို မတ်လ ၂၆ ရက်နေ့မှာ ကြေညာဖို့ အတည်ပြုထားပြီးပါပြီ။ Redmi ဟာ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေကို အင်္ဂါနေ့မှာ ကျင်းပလေ့ရှိတဲ့အတွက် Redmi K30 Pro ကို မတ်လ ၂၄ ရက်မှာ မိတ်ဆက်နိုင်ပါတယ်။ ကုမ္ပဏီက ဒီတစ်ပတ်ထဲမှာ ကြေညာမယ့်နေ့ကို ပြောကြားနိုင်ပါတယ်။ Redmi K30 Pro အပြင် RedmiBook အသစ်နဲ့ Redmi ရဲ့ ပထမဆုံး Fitness Tracker ကိုပါ ကြေညာနိုင်ပါတယ်။

Redmi K30 Pro မှာ ၆.၆၇ လက်မ OLED Notch-less မျက်နှာပြင်နဲ့  Qualcomm Snapdragon X55 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။ LPDDR5 RAM နဲ့ UFS 3.0 Storage တွေပါလာနိုင်ပါတယ်။

33W Fast Charging ပါတဲ့ 4,700mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ 64MP Main အပါအဝင် အနောက်ကင်မရာ ၄ လုံးနဲ့ Pop-up ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ Standard မော်ဒယ်နဲ့ Redmi K30 Pro Zoom Edition ဆိုပြီး မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃,၀၀၀ ယွမ်လောက်ရှိနိုင်ပြီး မြန်မာငွေ ၆ သိန်းလောက် ကျနိုင်ပါတယ်။ Redmi အထွေထွေ မန်နေဂျာ Lu Weibing က Redmi K30 Pro ကို လုံလုံလောက်လောက် ရောင်းပေးနိုင်တယ်လို့ မကြာခင်က ကြေညာထားပါတယ်။

Ref : gizmochina