Xiaomi ကနေ Redmi K30 Pro စမတ်ဖုန်းကိုလာမယ့် မတ်လ ၂၄ ရက်နေ့ကြရင် တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Redmi K30 Pro ဖုန်းဟာ Qualcomm Snapdragon 865 Processor ၊ LPDDR5 RAM နဲ့ UFS 3.1 Storage လိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ အလန်းစားဖြစ်နေပေမယ့် Display ပိုင်းမှာတော့ အားနည်းသွားပြီလို့ ဆိုရမှာပါ။

ဘာကြောင့်လဲဆိုရင် Xiaomi ကနေ Redmi K30 Pro မှာ အရည်အသွေးကောင်းမွန်တဲ့ Samsung ရဲ့ AMOLED Display ကို အသုံးပြုလိုက်ရတဲ့အတွက် Refresh Rate ကို တခြားသော Flagship ဖုန်းတွေလိုမျိုး 90Hz တွေ၊ 120Hz တွေအထိ Support ပေးနိုင်မှာမဟုတ်တော့ဘဲ ပုံမှန်အတိုင်း 60Hz Display ပဲဖြစ်လာမှာပါ။ ဒါက ရိုးရိုး Redmi K30 ဖုန်းမှာတောင်မှ 120Hz Refresh Rate ကို Support လုပ်နေတဲ့အတွက် K30 Pro ဖုန်းမှာ ဒီလိုမျိုး 60Hz ပဲ Support လုပ်တာက အားနည်းချက်ဖြစ်လာပါတယ်။

Redmi ကတော့ အခုလိုရွေးချယ်မှုကို ပြုလုပ်လိုက်တာက Display Quality ကို သိသိသာသာပိုကောင်းလာတဲ့အပြင် Fingerprint Sensor ကိုလည်း ဘေးဘက် Power Button အစား Under-display အနေနဲ့ အသုံးပြုနိုင်သွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Mi 10 Series တွေအနေနဲ့လည်း 90Hz Refresh Rate ပါဝင်တဲ့ Full HD+ AMOLED Display ကိုအသုံးပြုထားတဲ့အတွက် အခုလိုမျိုး Redmi K30 Pro မှာ မထည့်သွင်းပေးတာလည်းဖြစ်နိုင်ပါတယ်။

 

Selfie Camera အနေနဲ့လည်း Pop-up ဖြစ်သွားတဲ့အတွက် Single Selfie Camera ပဲဖြစ်သွားပြီးတော့ Megapixel အနေနဲ့ ဘယ်လောက်ရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Back Camera အနေနဲ့ကတော့ 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာပါ။

ဘာပဲဖြစ်ဖြစ် Redmi K30 Pro ဟာ လက်ရှိသိထားရတဲ့အတိုင်းဆိုရင် စျေးအသက်သာဆုံး Snapdragon 865 Processor သုံးထားတဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး အရောင်တွေအနေနဲ့ အဖြူရောင်၊ အစိမ်းရောင်နဲ့ ခရမ်းရောင်ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena