Xiaomi က နိုင်ငံတကာအတွက် ဈေးနှုန်းချိုသာတဲ့ Redmi Note 13 Pro 4G နဲ့ Redmi Note 13 4G ကို ကြေညာလိုက်ပါတယ်။

Redmi Note 13 Pro and Redmi Note 13 get 4G versions

Redmi Note 13 Pro 4G မှာ Helio G99 Ultra Chipset နဲ့ Note 13 4G မှာ Snapdragon 685 ထည့်သွင်းထားပါတယ်။ Pro မှာ 8/12GB RAM ၊ 256/512GB Storage နဲ့ Note 13 မှာ 6/8GB RAM ၊ 128/256GB Storage ပါလာပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 6.67” 120Hz AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာကိရိယာ ပါပါတယ်။ Pro မှာ Gorilla Glass 5 နဲ့ Note 13 မှာ Gorilla Glass 3 နဲ့  ကာကွယ်ထားပြီး 1,300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Redmi Note 13 Pro and Redmi Note 13 get 4G versions

ကင်မရာအကြောင်းပြောရရင် Pro မှာ 200MP Samsung ISOCELL HP3 Main နဲ့ Note 13 4G မှာ 108MP Main ကင်မရာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery  တပ်ဆင်ထားပြီး Pro မှာ 67W Charging နဲ့ ရိုးရိုးမှာ 33W Charging ထောက်ပံ့ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး IP54 ရေစိုခံစံနှုန်း ပါပါတယ်။

Redmi Note 13 Pro 4G and Note 13 4G key specsRedmi Note 13 Pro 4G and Note 13 4G key specs

Redmi Note 13 Pro 4G အတွက် Midnight Black , Forest Green နဲ့ Lavender Purple အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi Note 13 4G အတွက် Midnight Black , Ming Green နဲ့ Ice Blue အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena