Xiaomi က တရုတ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက Redmi Note 13 Series ကို ကြေညာခဲ့ပြီး အိန္ဒိယမှာ ဒီလ ၄ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက နိုင်ငံတကာအတွက် ဒီလ ၁၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Redmi Note 13 series global launch scheduled for January 15 - GSMArena.com  news

Xiaomi ဟာ အနည်းဆုံး Redmi Note 13 Series စမတ်ဖုန်း ၃ လုံးကို ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက မျှဝေထားတဲ့ Teasers မှာ Redmi Note 13 Pro ၊ Redmi Note 13 Pro+ နဲ့ အဲဒီ စမတ်ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ 200MP Main ကင်မရာကို ပြသထားပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ တူညီတဲ့ 6.67” OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 1,220×2,712px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Xiaomi Redmi Note 13 series global 'premier launch' event date set for  later this month - NotebookCheck.net News

အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ 4nm Chipset ကို အသုံးပြုထားပြီး Note 13 Pro မှာ Qualcomm Snapdragon 7s Gen 2 နဲ့ Note 13 Pro+ မှာ MediaTek Dimensity 7200 Ultra ပါလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအတွက် Redmi Note 13 Series ကို ကြေညာမယ့် ပွဲကို စောင့်ကြည့်ရမှာ ဖြစ်ပြီး Xiaomi က နိုင်ငံတကာအတွက် ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းချမလဲဆိုတာ သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena