Redmi က တရုတ်မှာ Watch 4 နဲ့ Buds 5 Pro ကို ကြေညာလိုက်ပါတယ်။

Redmi Watch 4

Redmi Watch 4 မှာ 1.96” AMOLED 390x450p မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ပါပါတယ်။ 600 Nits Peak Brightness နဲ့ Always-on Display ထောက်ပံ့ထားပါတယ်။ Aluminum Alloy Casing ပါတဲ့ ပထမဆုံး Redmi Watch ဖြစ်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Redmi Watch 4 styles

Xiaomi HyperOS ထည့်သွင်းထားပြီး GNSS Positioning , NFC နဲ့ Bluetooth 5.3 ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ၊ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ Sports Mode ပေါင်း ၁၅၀ ကျော် ပါဝင်ပါတယ်။

Watch 4 မှာ 470mAh Battery ပါလာပြီး AOD ဖွင့်ထားရင် ၁၀ ရက်နဲ့ သာမာန်သုံးရင် ရက် ၂၀ အသုံးခံပါတယ်။ ယွမ် ၅၀၀ ( ၇၀ ဒေါ်လာ) သတ်မှတ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Redmi Buds 5 Pro

Redmi Buds 5 Pro ဟာ နားထဲဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး 10mm Ceramic-coated Tweeters နဲ့ 11mm Titanium-plated Woofers  ပါတဲ့ Dynamic Drivers ထည့်သွင်းထားပါတယ်။ LHDC 5.0 Hi-Res Autio Streaming ထောက်ပံ့ထားပြီး Active Noise Cancelation ပါပါတယ်။

Redmi Buds 5 Pro colors

Bluetooth 5.3 ထောက်ပံ့ထားပြီး အထူးထုတ် e-Sports Version မှာ Latency ကို 20ms အထိ လျှော့ချပေးတဲ့ USB-C 2.4Ghz Transmitter ပါပါတယ်။ နားကြပ်နဲ့ Charging Case ၂ ခုပေါင်းရဲ့ ဘက်ထရီ သက်တမ်းဟာ ၃၈ နာရီ ဖြစ်ပါတယ်။

Redmi Buds 5 Pro အတွက် Black, White, Blue နဲ့ Black/Orange အရောင်ထုတ်လုပ်ထားပြီး ၅၀၀ ယွမ် (၇၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena