Redmi က တရုတ်မှာ ဒီလ ၂၆ ရက်နေ့ Redmi Note 9 5G ဖုန်းတွေကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ Redmi ရဲ့ တရားဝင် ဓါတ်ပုံ ၁ ပုံအရ အဲဒီ ပွဲမှာ စမတ် ထုတ်ကုန် အသစ်တွေကိုပါ ကြေညာနိုင်ပါတယ်။ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က ဒီလထဲမှာ Redmi Watch လာမယ်လို့ သတင်းပေးခဲ့တဲ့အတွက် Redmi ရဲ့ ပထမဆုံး စမတ်နာရီကို Note 9 5G Series နဲ့အတူ မြင်ရဖို့ အရမ်းကို နီးစပ်နေပါတယ်။

Redmi Note 9 5G launch event highlights_

စက်တင်ဘာလမှာ Redmi Watch ကို MIIT မှာ မှတ်ပုံတင်ခဲ့ပြီး မော်ဒယ်နံပါတ်က REDMIWT01 ဖြစ်ပါတယ်။ အဲဒီလမှာပဲ မော်ဒယ်နံပါတ် REDMIWT02 ပါတဲ့ Xiaomi Mi Watch Lite ကို UL (Demko) မှာ မှတ်ပုံတင်ထားခဲ့ပါတယ်။ အဲဒီ ၂ လုံးဟာ မော်ဒယ်နံပါတ်တွေ ဆင်တူတဲ့အတွက် Redmi Watch ကို တရုတ် ပြင်ပမှာ Xiaomi Mi Watch Lite နာမည်နဲ့ ကြေညာနိုင်ပါတယ်။

Xiaomi Mi Watch Lite FCC 1

Xiaomi Mi Watch Lite ကို Federal Communications Commission (FCC) မှာ ပြီးခဲ့တဲ့ လက မှတ်ပုံတင်ထားပြီး ၁.၄ လက်မ လေးထောင့် အရောင် မျက်နှာပြင် တပ်ဆင်ထားတာတွေ့ရပါတယ်။ မျက်နှာပြင်မှာ Auto-brightness လုပ်ဆောင်ချက် ပါပါတယ်။

Xiaomi Mi Watch Lite FCC 2

Mi Watch Lite ဟာ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာတာ အပါအဝင် Fitness Modes များစွာ ထောက်ပံ့ထားပါတယ်။ 230mAh ဘက်ထရီနဲ့ 5W Charging ထောက်ပံ့ထားပြီး GPS နဲ့ Bluetooth 5.1 ပါပါတယ်။ တရုတ်မှာတော့ Redmi Watch နာမည်နဲ့ ကြေညာနိုင်ပြီး အတွင်းပိုင်း အစိတ်အပိုင်း အားလုံး တူညီနိုင်ပါတယ်။ လက်ရှိမှာ မသိရသေးတာက ဈေးနှုန်းပါ။

Ref : gizmochina