Zawgyi

Samsung ကုမၸဏီဟာ ISOCELL Bright GW1 64MP Sensor ကုိေအာင္ျမင္စြာ ေၾကညာႏုိင္ခဲ့ၿပီးတဲ့ေနာက္ ေတာင္ကိုရီးယားအေျခစိုက္ကုမၸဏီဟာ ဒီကင္မရာကို ထည့္သြင္းျပသႏုိင္မယ့္ ဟန္းဆက္ကို ျပင္ဆင္ေနမွာ ေဗဒင္ေမးစရာမလုိပါဘူး။ Realme ကလည္း လာမယ့္ၾသဂုတ္လ ၈ ရက္ေန႔မွာ Quad-camera နည္းပညာသစ္တစ္ခုကို ခ်ျပသြားဖို႔ ရည္ရြယ္ထားေပမယ့္ Xiaomi က သူ႕ထက္ေစာၿပီး 64MP ၿပိဳင္ပြဲကို ပါဝင္ဖို႔ ဆုံးျဖတ္ထားပုံရပါတယ္။

Xiaomi ကုမၸဏီဟာ သူတုိ႔ရဲ႕ 64MP ကင္မရာကို တရုတ္ႏုိင္ငံတြင္းမွာ အရင္ဆုံး ျပသႏုိင္သူျဖစ္ဖို႔အတြက္ ၾသဂုတ္လ ၇ ရက္ေန႔ကို ေရြးခ်ယ္ထားၿပီး မီဒီယာဖိတ္ၾကားလႊာေတြ ေစပုိ႔ေနပါၿပီ။ ကင္မရာအသစ္ဟာ Redmi ရဲ႕ စမတ္ဖုန္းတစ္ခုေပၚမွာ စမ္းသပ္ျပဖို႔ရွိေနၿပီး Sensor အသစ္နဲ႔ 20 MB ပုံရိပ္ေတြကို ထုတ္ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

အခြင့္အလမ္းအရမ္းနည္းေပမယ့္ Redmi အမွတ္တံဆိပ္ေအာက္ကေန Bright GW1 64 MP ကင္မရာအသစ္နဲ႔ စမတ္ဖုန္းအသစ္တစ္လုံးကို ထုတ္ျပလာႏုိင္ေျခလည္း ရွိေနပါေသးတယ္။ သူတုိ႔ရဲ႕လက္ရွိ Flagship ျဖစ္တဲ့ K20 Pro ဖုန္းဟာ Bright GM1 ပလက္ေဖာင္းအသုံးျပဳထားတာပါ။

ဘာပဲျဖစ္ျဖစ္ စမတ္ဖုန္းကင္မရာေတြ ေနာက္တဆင့္ခုန္တက္လာတာကို အခု ၾသဂုတ္လအတြင္းမွာပဲ ၾကဳံေတြ႕ရေတာ့မွာပါ။ ဘယ္အမွတ္တံဆိပ္က 64MP ကင္မရာစမတ္ဖုန္း ၿပိဳင္ပြဲမွာ အႏုိင္ရမလဲဆုိတာ လက္ရွိမွာ စိတ္ဝင္စားစရာအေကာင္းဆုံး စိန္ေခၚမႈတစ္ခုပါပဲ။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ ISOCELL Bright GW1 64MP Sensor ကိုအောင်မြင်စွာ ကြေညာနိုင်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဟာ ဒီကင်မရာကို ထည့်သွင်းပြသနိုင်မယ့် ဟန်းဆက်ကို ပြင်ဆင်နေမှာ ဗေဒင်မေးစရာမလိုပါဘူး။ Realme ကလည်း လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာ Quad-camera နည်းပညာသစ်တစ်ခုကို ချပြသွားဖို့ ရည်ရွယ်ထားပေမယ့် Xiaomi က သူ့ထက်စောပြီး 64MP ပြိုင်ပွဲကို ပါဝင်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ 64MP ကင်မရာကို တရုတ်နိုင်ငံတွင်းမှာ အရင်ဆုံး ပြသနိုင်သူဖြစ်ဖို့အတွက် သြဂုတ်လ ၇ ရက်နေ့ကို ရွေးချယ်ထားပြီး မီဒီယာဖိတ်ကြားလွှာတွေ စေပို့နေပါပြီ။ ကင်မရာအသစ်ဟာ Redmi ရဲ့ စမတ်ဖုန်းတစ်ခုပေါ်မှာ စမ်းသပ်ပြဖို့ရှိနေပြီး Sensor အသစ်နဲ့ 20 MB ပုံရိပ်တွေကို ထုတ်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

အခွင့်အလမ်းအရမ်းနည်းပေမယ့် Redmi အမှတ်တံဆိပ်အောက်ကနေ Bright GW1 64 MP ကင်မရာအသစ်နဲ့ စမတ်ဖုန်းအသစ်တစ်လုံးကို ထုတ်ပြလာနိုင်ခြေလည်း ရှိနေပါသေးတယ်။ သူတို့ရဲ့လက်ရှိ Flagship ဖြစ်တဲ့ K20 Pro ဖုန်းဟာ Bright GM1 ပလက်ဖောင်းအသုံးပြုထားတာပါ။

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းကင်မရာတွေ နောက်တဆင့်ခုန်တက်လာတာကို အခု သြဂုတ်လအတွင်းမှာပဲ ကြုံတွေ့ရတော့မှာပါ။ ဘယ်အမှတ်တံဆိပ်က 64MP ကင်မရာစမတ်ဖုန်း ပြိုင်ပွဲမှာ အနိုင်ရမလဲဆိုတာ လက်ရှိမှာ စိတ်ဝင်စားစရာအကောင်းဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။

Ref – GSM Arena