Unicode

နာမည်ကြီး Electric ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက Tesla Cybertruck ကို မိတ်ဆက်ခဲ့ပြီးတော့ Electric Truck တွေကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။ အဆိုပါ Tesla Cybertruck က ပုံစံကအစ လက်ရှိ Modern Truck တွေနဲ့ ကွဲထွက်နေပေမယ့် ဒီ Cybertruck အတွက် အဓိက Electric Truck ပြိုင်ဘက်ကုမ္ပဏီတစ်ခုရှိနေပါသေးတယ်။

အဲ့ဒါကတော့ လက်ရှိအချိန်မှာ Crowd Funding တွေပြုလုပ်နေပြီး Cybertruck ထက် အရင် Electric Truck တွေကို မိတ်ဆက်ထားခဲ့တဲ့ Rivian ကုမ္ပဏီပဲဖြစ်ပါတယ်။ အခုလည်း Rivian ကနေ သူ့ရဲ့ Electric Truck တွေက Tesla Cybertruck လုပ်နိုင်စွမ်းမရှိတဲ့ Feature တစ်ခုကို ကြော်ငြာလိုက်ပါတယ်။

Rivian ကတော့ အခု Feature ကို Tank Turn လို့ နာမည်ပေးထားပြီးတော့ ဘာလို့ ဒီလို နာမည်ပေးထားသလဲဆိုတာကိုတော့ အောက်ပါ Video ကို ကြည့်လိုက်ရင် သိနိုင်မှာပါ။

Rivian ကတော့ ဒီလို တင့်ကားတွေလိုမျိုး ဘေးတိုက်ကွေ့နိုင်တဲ့ Feature ကို Rivian R1T နဲ့ R1S Version တွေမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ အခု Feature အတွက် ကားဘီးတစ်ခုစီမှာ Motor တပ်ဆင်ပြီး တစ်ဘီးချင်းစီကို သီးခြားမောင်းနှင်တာဖြစ်တဲ့အတွက် Quad-motor Version ကို ဝယ်ယူထားဖို့လည်း လိုအပ်မှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဘေးတိုက် ၁၈၀ ဒီဂရီလှည့်နိုင်တာက ပုံမှန်အင်ဂျင်သုံးကားတွေမှာ လုံးဝမပြုလုပ်နိုင်တဲ့အပြင် Electric ကားတစ်စီးအနေနဲ့လည်း အထင်ကြီးစရာ Feature တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Rivian က Video မှာ ပြသခဲ့သလိုမျိုး ပုံမှန် ကတ္တရာလမ်းမတွေထက် Off Road Surface တွေမှာပဲ ပြုလုပ်တာက ကားတာယာသက်တမ်းအတွက် အဆင်ပြေမယ့်ပုံစံပါပဲ။

Ref – Engadget

Zawgyi

နာမည္ႀကီး Electric ကားကုမၸဏီတစ္ခုျဖစ္တဲ့ Tesla ကေန ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက Tesla Cybertruck ကို မိတ္ဆက္ခဲ့ၿပီးေတာ့ Electric Truck ေတြကို စိတ္ဝင္စားမႈျမင့္တက္ေစခဲ့ပါတယ္။ အဆိုပါ Tesla Cybertruck က ပုံစံကအစ လက္ရွိ Modern Truck ေတြနဲ႔ ကြဲထြက္ေနေပမယ့္ ဒီ Cybertruck အတြက္ အဓိက Electric Truck ၿပိဳင္ဘက္ကုမၸဏီတစ္ခုရွိေနပါေသးတယ္။

အဲ့ဒါကေတာ့ လက္ရွိအခ်ိန္မွာ Crowd Funding ေတြျပဳလုပ္ေနၿပီး Cybertruck ထက္ အရင္ Electric Truck ေတြကို မိတ္ဆက္ထားခဲ့တဲ့ Rivian ကုမၸဏီပဲျဖစ္ပါတယ္။ အခုလည္း Rivian ကေန သူ႔ရဲ႕ Electric Truck ေတြက Tesla Cybertruck လုပ္ႏိုင္စြမ္းမရွိတဲ့ Feature တစ္ခုကို ေၾကာ္ျငာလိုက္ပါတယ္။

Rivian ကေတာ့ အခု Feature ကို Tank Turn လို႔ နာမည္ေပးထားၿပီးေတာ့ ဘာလို႔ ဒီလို နာမည္ေပးထားသလဲဆိုတာကိုေတာ့ ေအာက္ပါ Video ကို ၾကည့္လိုက္ရင္ သိႏိုင္မွာပါ။

Rivian ကေတာ့ ဒီလို တင့္ကားေတြလိုမ်ိဳး ေဘးတိုက္ေကြ႕ႏိုင္တဲ့ Feature ကို Rivian R1T နဲ႔ R1S Version ေတြမွာ ရရွိႏိုင္မယ္လို႔ သိရပါတယ္။ အခု Feature အတြက္ ကားဘီးတစ္ခုစီမွာ Motor တပ္ဆင္ၿပီး တစ္ဘီးခ်င္းစီကို သီးျခားေမာင္းႏွင္တာျဖစ္တဲ့အတြက္ Quad-motor Version ကို ဝယ္ယူထားဖို႔လည္း လိုအပ္မွာပါ။

ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး ေဘးတိုက္ ၁၈၀ ဒီဂရီလွည့္ႏိုင္တာက ပုံမွန္အင္ဂ်င္သုံးကားေတြမွာ လုံးဝမျပဳလုပ္ႏိုင္တဲ့အျပင္ Electric ကားတစ္စီးအေနနဲ႔လည္း အထင္ႀကီးစရာ Feature တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ Rivian က Video မွာ ျပသခဲ့သလိုမ်ိဳး ပုံမွန္ ကတၱရာလမ္းမေတြထက္ Off Road Surface ေတြမွာပဲ ျပဳလုပ္တာက ကားတာယာသက္တမ္းအတြက္ အဆင္ေျပမယ့္ပုံစံပါပဲ။

Ref – Engadget