စက်ရုပ်နဲ့ Artificial Intelligence (AI) နည်းပညာဟာ ဒီနှစ်ပိုင်းအတွင်းမှာ များစွာ တိုးတက်လာပြီး အနာဂတ်မှာ လူသားတွေကို အကျိုးပြုလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း စက်ရုပ်နဲ့ AI နည်းပညာတွေဟာ လူသားတွေကို စတင် အကျိုးပြုနေပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားက စွန့်ဦးတီထွင်လုပ်ငန်းရှင် Kang Ji-young ဟာ ကြက်ကြော်ဆိုင် ၁ ခုကို ဖွင့်ထားပါတယ်။ သူ့ ကြက်ကြော်ဆိုင်ရဲ့ ထူးခြားချက်က လူတွေက ကြော်တာ မဟုတ်ဘဲ စက်ရုပ်တွေက ကြော်ကြတာပါ။ စက်ရုပ်ဟာ ၂ နာရီအတွင်း ကြက် အကောင် ၁၀၀ ကို ကြော်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ အလုပ်ကို လူ ၅ ယောက်က လုပ်ရတာပါ။

Entrepreneur Kang now has 15 robot-made chicken restaurants in South Korea, and one branch in Singapore

Kang က စက်ရုပ်ကြော်တဲ့ ကြက်ကြော်ဟာ အရသာ ရှိပြီး လူတွေကြော်တာထက် ပိုကောင်းတယ်လို့ ပြောပါတယ်။ Kang ဟာ အခုမှ အသက် ၃၈ နှစ်ပဲ ရှိသေးပေမယ့် ခေတ်ပေါ် နည်းပညာတွေကို အမီလိုက်နိုင်သူ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ နေရာတိုင်းလိုလိုမှာ ကြက်ကြော်ကို ရောင်းချကြပြီး လူကြိုက်များတဲ့ အစားအစာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ပြီးနောက် တောင်ကိုရီးယားဟာ ကြက်ကြော်ဈေးကွက်မှာ ကမ္ဘာမှာ တတိယ အကြီးမားဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားမှာ အလုပ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေတဲ့အတွက် Kang က ကြက်ကြော်ဆိုင်မှာ စက်ရုပ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Ref : france24