ရုရှားဗဟိုဘဏ်ကတော့ သူ့နိုင်ငံတွင်းမှာ Cryptocurrency တွေ ရင်းနှီးမြှုပ်နှံတာတွေကို တားမြစ်လိုတဲ့ဦးတည်ချက် ရှိနေကြောင်း ဘဏ်နဲ့နီးစပ်တဲ့ ငွေကြေးဈေးကွက်က သတင်းရင်းမြစ်နှစ်ခုကိုကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဒီသတင်းထွက်ပေါ်ပြီးချိန်မှာတော့ Cryptocurrency bitcoin ရဲ့ တန်ဖိုးဟာ $49,144 ကနေ $48,656 ဝန်းကျင်အထိ ကျဆင်းသွားခဲ့ပါတော့တယ်။

ရုရှားဟာ ငွေကြေးခဝါချမှု၊ ဒါမှမဟုတ် အကြမ်းဖတ်မှုအတွက် ငွေကြေးထောက်ပံ့တဲ့နေရာမှာ Cryptocurrencies တွေကို အသုံးပြုနိုင်တယ်လို့ သတ်မှတ်နေခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက တရားဝင်အဆင့်အတန်းတစ်ခု သတ်မှတ်ပေးခဲ့တယ်ဆိုပေမဲ့ အသုံးပြုခြင်းကိုတော့ ပိတ်ပင်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ ရုရှားဗဟိုဘဏ်ဟာ ဖြစ်နိုင်ခြေရှိတဲ့တားမြစ်ချက်နဲ့ပတ်သက်ပြီး ဈေးကွက်ကစားသမားတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဥပဒေပြုသူတွေဘက်က အတည်ပြုခဲ့ရင်တော့ Crypto ပိုင်ဆိုင်မှုအသစ်ဝယ်ယူမဲ့သူတွေမှာ သက်ရောက်လာနိုင်ပြီး၊ ယခင်ဝယ်ယူထားသူတွေကတော့ သက်ရောက်မှုမရှိနိုင်ကြောင်း အမည်မဖော်လိုသူ ငွေကြေးဈေးကွက်ရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရုရှားဗဟိုဘဏ်နဲ့နီးစပ်တဲ့ အခြားအရင်းအမြစ်တစ်ခုကတော့ “ဗဟိုဘဏ်ရဲ့ လက်ရှိအနေအထားဟာ Cryptocurrencies အားလုံးကို “လုံးဝငြင်းပယ်ခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။ Retuers က မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း “ဗဟိုဘဏ်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ရပ်တည်ချက်ကို အသံပြုပေးဖို့အတွက် အကြံပေးအစီရင်ခံစားကို ပြင်ဆင်နေကြောင်း” ပဲပြောဆိုခဲ့ပြီး တိကျတဲ့မှတ်ချက်ပေးမှုမျိုး မပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ရရှားနိုင်ငံသားတွေ လုပ်ဆောင်တဲ့ Cryptocurrency အရော်ငးအဝယ်ရဲ့ နှစ်စဉ်ပမာဏဟာ ၅ ဘီလီယံခန့်ရှိတယ်လို့ ရုရှားဗဟိုဘဏ်က ဆိုပါတယ်။ ဗဟိုဘဏ်ရဲ့ First Deputy Governor Ksenia Yudaeva က “Cryptocurrencies ရဲ့ လူကြိုက်များမှုတိုးလာခြင်းကြောင့် ငွေကြေးတည်ငြိမ်မှုအတွက် ဘေးအန္တရာယ်တွေကို စိုးရိမ်မိတယ်” လို့ ဆိုပါတယ်။

Ref: Reuters