[Zawgyi]

၂၀၁၈ က AI ႏွစ္လို႔ ေျပာရမယ္ဆိုရင္ လာမယ့္ ၂၀၁၉ ခုႏွစ္က 5G ႏွစ္လို႔ ေျပာရမွာပါ။ Carriers ေတြကလည္း 5G ကြန္ရက္အတြက္ အၿပိဳင္အဆိုင္ အလုပ္လုပ္ေနၾကသလို စမတ္ဖုန္းထုတ္လုပ္သူေတြကလည္း 5G စမတ္ဖုန္းအတြက္ အားသြန္စိုက္ ေဆာင္႐ြက္ေနၾကပါၿပီ။ တ႐ုတ္စမတ္ဖုန္းကုမၸဏီ အေတာ္မ်ားမ်ားက သူတို႔ရဲ႕ ေရွ႕ေျပး 5G စမတ္ဖုန္းေတြကို ျပသၿပီးေနၾကပါၿပီ။

လာမယ့္ ၂၀၁၉ MWC မွာေတာ့ ေတာင္ကိုရီးယားရဲ႕ ထိပ္တန္းကုမၸဏီႀကီးေတြျဖစ္တဲ့ Samsung နဲ႔ LG တို႔က သူတို႔ရဲ႕ ေရွ႕ေျပး 5G စမတ္ဖုန္း ေတြကို ျပသေတာ့မယ္လို႔ သတင္းရရွိပါတယ္။ ဒီ ညီလာခံႀကီးမွာ Samsung နဲ႔ LG အျပင္ အျခား စမတ္ဖုန္း အမွတ္တံဆိပ္ေတြလည္း သူတို႔ရဲ႕ ေရွ႕ေျပး 5G စမတ္ဖုန္းေတြကို ျပသမွာၾကမွာျဖစ္ပါတယ္။

Samsung ဟာ သူ႔ရဲ႕ ႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ Glaxy Flagships ေတြကို ျပင္ဆင္ထားပါတယ္။ အားလုံးသိၾကတဲ့အတိုင္း Galaxy S10 က အနည္းဆုံး မူကြဲ သုံးမ်ိဳးနဲ႔ ထြက္လာမွာပါ။ ဒီသုံးမ်ိဳးထဲက တစ္မ်ိဳးကေတာ့ ေနာက္ေက်ာဘက္မွာ ကင္မရာေလးလုံးတပ္ဆင္ထားသလို၊ ေရွ႕ဘက္မွာလည္း ကင္မရာ ႏွစ္လုံး တပ္ဆင္ေပးထားမယ္လို႔ သတင္းေတြထြက္ေပၚေနတာလည္း ျဖစ္ပါတယ္။ ႏွစ္မ်ိဳး၊ ဒါမွမဟုတ္ သုံးမ်ိဳးလုံးက Hole in the Screen ျဖစ္မွာပါ။ အစပိုင္းကေတာ့ S10 series ေတြထဲမွာ တစ္မ်ိဳးက 5G စနစ္ပါဝင္လာမယ္လို႔ သတင္းထြက္ခဲ့ေသးေပမယ့္ တျဖည္းျဖည္း ေမွးမွိန္ခဲ့ရၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ Samsung ရဲ႕ 5G စမတ္ဖုန္းဟာ ဘယ္ Series ျဖစ္မလဲဆိုတာ MWC ၂၀၁၉ မွာ တစ္ပါတည္း သိလာရဖြယ္ ရွိပါတယ္။

LG ကလည္း Series သစ္ေတြ အေတာ္မ်ားမ်ားကို မိတ္ဆက္ၿပီးသားပါ။ ဒါေၾကာင့္ LG ရဲ႕ 5G စမတ္ဖုန္းအေနနဲ႔ Updated LG G7 ThinQ ျဖစ္မလားလို႔ ေတြးစရာပါ။ LG G7+ လို႔လည္း ေခၚလာႏိုင္သလို ThinQ 5G လို႔လည္း ေခၚဆိုလာႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္ LG G8 မ်ား ျဖစ္လာႏိုင္မလား။ ဘယ္လိုပဲျဖစ္ျဖစ္ LG ကေတာ့ အေမရိကန္မွာ ပထမဆုံး 5G စမတ္ဖုန္းေရာင္းခ်ႏိုင္သူ ျဖစ္လိမ့္မယ္လို႔ ဆိုထားတာပါ။ လာမယ့္ MWC ၂၀၁၉ မွာ Updated ThinQ ကိုပဲ ေရွ႕ေျပး 5G စမတ္ဖုန္းအျဖစ္ ျပသသြားဖြယ္ ရွိေနပါတယ္။ ကုမၸဏီက တရားဝင္ထုတ္ျပန္ထားတာကေတာ့ လာမယ့္ ၂၀၂၀ မွာ 5G နည္းပညာက အခြင့္အလမ္းျဖစ္လာၿပီး သူတို႔ရဲ႕ စမတ္ဖုန္းထုတ္လုပ္မႈလုပ္ငန္းကလည္း အလွည့္အေျပာင္း ျဖစ္လာလိမ့္မယ္ဆိုတာပဲ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

၂၀၁၈ က AI နှစ်လို့ ပြောရမယ်ဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်က 5G နှစ်လို့ ပြောရမှာပါ။ Carriers တွေကလည်း 5G ကွန်ရက်အတွက် အပြိုင်အဆိုင် အလုပ်လုပ်နေကြသလို စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း 5G စမတ်ဖုန်းအတွက် အားသွန်စိုက် ဆောင်ရွက်နေကြပါပြီ။ တရုတ်စမတ်ဖုန်းကုမ္ပဏီ အတော်များများက သူတို့ရဲ့ ရှေ့ပြေး 5G စမတ်ဖုန်းတွေကို ပြသပြီးနေကြပါပြီ။

လာမယ့် ၂၀၁၉ MWC မှာတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ LG တို့က သူတို့ရဲ့ ရှေ့ပြေး 5G စမတ်ဖုန်း တွေကို ပြသတော့မယ်လို့ သတင်းရရှိပါတယ်။ ဒီ ညီလာခံကြီးမှာ Samsung နဲ့ LG အပြင် အခြား စမတ်ဖုန်း အမှတ်တံဆိပ်တွေလည်း သူတို့ရဲ့ ရှေ့ပြေး 5G စမတ်ဖုန်းတွေကို ပြသမှာကြမှာဖြစ်ပါတယ်။

Samsung ဟာ သူ့ရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် Glaxy Flagships တွေကို ပြင်ဆင်ထားပါတယ်။ အားလုံးသိကြတဲ့အတိုင်း Galaxy S10 က အနည်းဆုံး မူကွဲ သုံးမျိုးနဲ့ ထွက်လာမှာပါ။ ဒီသုံးမျိုးထဲက တစ်မျိုးကတော့ နောက်ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားသလို၊ ရှေ့ဘက်မှာလည်း ကင်မရာ နှစ်လုံး တပ်ဆင်ပေးထားမယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ နှစ်မျိုး၊ ဒါမှမဟုတ် သုံးမျိုးလုံးက Hole in the Screen ဖြစ်မှာပါ။ အစပိုင်းကတော့ S10 series တွေထဲမှာ တစ်မျိုးက 5G စနစ်ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့သေးပေမယ့် တဖြည်းဖြည်း မှေးမှိန်ခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် Samsung ရဲ့ 5G စမတ်ဖုန်းဟာ ဘယ် Series ဖြစ်မလဲဆိုတာ MWC ၂၀၁၉ မှာ တစ်ပါတည်း သိလာရဖွယ် ရှိပါတယ်။

LG ကလည်း Series သစ်တွေ အတော်များများကို မိတ်ဆက်ပြီးသားပါ။ ဒါကြောင့် LG ရဲ့ 5G စမတ်ဖုန်းအနေနဲ့ Updated LG G7 ThinQ ဖြစ်မလားလို့ တွေးစရာပါ။ LG G7+ လို့လည်း ခေါ်လာနိုင်သလို ThinQ 5G လို့လည်း ခေါ်ဆိုလာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် LG G8 များ ဖြစ်လာနိုင်မလား။ ဘယ်လိုပဲဖြစ်ဖြစ် LG ကတော့ အမေရိကန်မှာ ပထမဆုံး 5G စမတ်ဖုန်းရောင်းချနိုင်သူ ဖြစ်လိမ့်မယ်လို့ ဆိုထားတာပါ။ လာမယ့် MWC ၂၀၁၉ မှာ Updated ThinQ ကိုပဲ ရှေ့ပြေး 5G စမတ်ဖုန်းအဖြစ် ပြသသွားဖွယ် ရှိနေပါတယ်။ ကုမ္ပဏီက တရားဝင်ထုတ်ပြန်ထားတာကတော့ လာမယ့် ၂၀၂၀ မှာ 5G နည်းပညာက အခွင့်အလမ်းဖြစ်လာပြီး သူတို့ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းကလည်း အလှည့်အပြောင်း ဖြစ်လာလိမ့်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: 9to5google