Samsung ဟာ အခုအချိန်မှာ Android 12 ကို အခြေခံထားတဲ့ OneUI 4.0 Update ကို Device အများအပြားအတွက် ထုတ်ပေးထားပြီးပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ OneUI 4.0 Update ဟာ Error ကြီးကြီးမားမားမရှိသေးဘဲ Feature အသစ်တွေအတော်များများပါဝင်လာတာကြောင့် အသုံးပြုသူတွေ သဘောကျနေတဲ့ Update တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung ကတော့ အခုအချိန်မှာ OneUI 4.0 Update ကို ထုတ်ပေးနေမှုကို ခတ္တရပ်ဆိုင်းလိုက်ရပါပြီ။ ဒါကိုတော့ Samsung ရဲ့ Official Moderator တစ်ဦးက Google Play System နဲ့ Compatibility Issue တွေရှိနေတာကြောင့်လို့ ဖော်ပြခဲ့ပါတယ။

အဆိုပါ Issue ဟာ OneUI 4.0 တင်ထားတဲ့ Device တိုင်းမှာ ဖြစ်ပေါ်နေတာမဟုတ်ဘဲ တချို့သော Device တွေမှာပဲ ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google ကိုယ်တိုင်က ယခုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် Content တွေကို စစ်ဆေးနေတာကြောင့် အခုလိုမျိုး Update ထုတ်ပေးနေမှုကို ရပ်ဆိုင်းလိုက်ရတဲ့ပုံစံပါပဲ။

အဆိုပါ Moderator ရဲ့ ပြောကြားချက်အရတော့ ယခုဆိုင်းငံ့မှုဟာ အချိန်ကြာမြင့်မှာမဟုတ်ဘဲ အမြန်ဆုံးပြန်လည်ပြီး Update ကို ပုံမှန်အတိုင်းထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခုထိ OneUI 4.0 Update မရရှိသေးဘူးဆိုရင်လည်း စိုးရိမ်ဖို့မလိုအပ်ဘဲ အမြန်ဆုံးပြန်လည် Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

OneUI 4.0 ဟာ Android 12 ရဲ့ Original Feature အသစ်တွေဖြစ်တဲ့ Dynamic Color Theming ၊ Privacy Dashboard ၊ RAM Plus ၊ UI နဲ့ Software ပိုင်း အဆင့်မြှင့်တင်မှုတွေကို အများအပြားထည့်သွင်းပေးထားတာကြောင့် တော်တော်လေးကို ကောင်းမွန်တဲ့ Software Update လို့ ပြောနိုင်ပါတယ်။

Ref – 9to5Google