ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ Galaxy S22 Ultra ကို တရားဝင် မိတ်ဆက်မှာဖြစ်တဲ့အတွက် သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Galaxy S21 Ultra ကို ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်လည်း ဖြစ်တာကြောင့် အထူးအဆန်းမဟုတ်ပေမဲ့ သုံးစွဲသူတွေအတွက်တော့ သိထားသင့်တဲ့အကြောင်းအရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။

Samsung ဟာ ပြင်သစ်၊ ဂျာမနီ၊ UK နဲ့ US တို့က သူ့ရဲ့တရားဝင်ဝက်ဘ်ဆိုက်တွေမှာလည်း Galaxy S21 Ultra ကို ရောင်းချခြင်း မပြုတော့ပဲ ရပ်တန့်လိုက်ပါပြီ။ ဒါပေမဲ့ Galaxy S21 နဲ့ Galaxy S21+ အပြင် Galaxy S21 FE အသစ်တွေကိုတော့ ဝယ်ယူလို့ ရနေဦးမှာ ဖြစ်ပါတယ်။

Galaxy S21 Ultra ကို လက်လီအရောင်းဆိုင်တွေမှာ ဝယ်ယူလို့ရနေဆဲ ဖြစ်ပါတယ်။ နေရာအနှံ့အပြားက လက်လီအရောင်းဆိုင်တွေမှာ ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ဝယ်နိုင်တာကို ဆိုလိုပါတယ်။ Flagship ဖုန်းတစ်လုံးကို အမှန်အကန်လျှော့ဈေးနဲ့ ရောင်းချနေတယ်ဆိုတာဟာ နောက်ထွက်လာမဲ့ ဆက်ခံသူကို အကောင်းဆုံးကြိုဆိုနည်းလို့ ဆိုနိုင်ပါတယ်။

Galaxy S22 Ultra ဟာ ပိုပြီးအဆင့်မြင့်လာမယ်ဆိုတာသေချာပေမဲ့ Galaxy S21 Ultra ကလည်း အခုအချိန်အထိ ရွေးချယ်စရာကောင်းတဲ့ စာရင်းထဲကနေ ပယ်ဖျက်လို့မရသေးပါဘူး။ မကြာခင်မှာပဲ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတို့ရဲ့ ကွာခြားချက်၊ နှိုင်းယှဉ်ချက်တွေကို တွေ့မြင်လာရမှာ အသေအချာပါ။ ဘာပဲဖြစ်ဖြစ် ‘ဟောင်းပေမဲ့ ကောင်းနေဆဲ” တွေအများကြီးရှိတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။

Ref: GSM Arena