[Zawgyi]

ဇူလိုင္လ ဒုတိယပတ္အေစာပိုင္းမွာ ထြက္ေပၚလာခဲ့တဲ့ သတင္းတစ္ခုက Apple ဟာ AR အေျခခံ Smartglass စီမံကိန္းကို လက္ေလွ်ာ့လိုက္တယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ အခ်ိဳ႕သတင္းေတြမွာေတာ့ အၿပီးတိုင္လက္ေလွ်ာ့တာမဟုတ္ဘဲ စီမံကိန္းကို ဆက္လုပ္ဖို႔ ဆိုင္းငံ့လိုက္တာသာျဖစ္တယ္လို႔ ေဖာ္ျပၾကေပမယ့္ ဆက္လက္လုပ္ေဆာင္ဖို႔ ရာခိုင္ႏႈန္းကေတာ့ နည္းပါးေနတာပဲ ျဖစ္ပါတယ္။

မေရွးမေႏွာင္းမွာပဲ Samsung ရဲ႕ မူပိုင္ခြင့္ဖိုင္အခ်ိဳ႕ ထြက္ေပၚလာခဲ့ၿပီး ဒီအထဲမွာ AR glass နဲ႔ ဆက္ႏြယ္ေနတဲ့ ေလွ်ာက္ထားမႈေတြလည္း ပါဝင္ေနတာကို ေတြ႕ျမင္ရပါတယ္။ Samsung ရဲ႕ Smartglasses ဟာ မ်က္မွန္ကို ေခါက္မထားခ်ိန္မွာ အလိုအေလ်ာက္ ပြင့္ေနၿပီး အသုံးျပဳႏိုင္မယ္လို႔ မူပိုင္ခြင့္ေလွ်ာက္လႊာကတစ္ဆင့္ သိရပါတယ္။

မ်က္မွန္မွာ မွန္ဘီလူးအေသးတစ္ခုကေနတစ္ဆင့္ ပ႐ိုဂ်က္တာ ပုံရိပ္ေပၚလာေစဖို႔ ျပဳလုပ္ထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ မ်က္မွန္ကိုင္းေတြထဲမွာ CPU, Wi-Fi နဲ႔ ဘက္ထရီ၊ စပီကာ စတာေတြကို ထည့္သြင္းေပးထားတာလည္း ျမင္ေတြ႕ရပါတယ္။ ဒါမ်ိဳးကို လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက Samsung က ႀကိဳးစားခဲ့ဖူးတာလည္း ျဖစ္ပါတယ္။

Monitorless အမည္ရတဲ့ စီမံကိန္းမွာ AR အေျခခံ စမတ္မ်က္မွန္ကို ဘယ္လိုတည္ေဆာက္ထားတယ္ဆိုတဲ့အေၾကာင္း ဗီဒီယိုလည္း ျပသခဲ့ဖူးပါတယ္။ ဒါကို ၂၀၁၇ MWC မွာကတည္းက ျပသခဲ့တာပါ။ ဒီ႐ုပ္သံဖိုင္ဟာ မူပိုင္ခြင့္ေလွ်ာက္လႊာမွာ ျမင္ေတြ႕ရတဲ့ စမတ္နာရီနဲ႔ အေတာ္ေလးကို ဆင္တူတယ္လို႔ ဆိုရပါလိမ့္မယ္။ ဒီေတာ့ အေမရိကန္နည္းပညာကုမၸဏီႀကီးက လက္ေလွ်ာ့သြားတဲ့ အလားတူလုပ္ငန္းကို Samsung အေနနဲ႔ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ဖို႔ပဲ လိုပါေတာ့တယ္။

Ref: GSMArena

[Unicode]

Smartglasses ကို မူပိုင်ခွင့်လျှောက်လွှာတင်ထားတဲ့ Samsung

ဇူလိုင်လ ဒုတိယပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ခုက Apple ဟာ AR အခြေခံ Smartglass စီမံကိန်းကို လက်လျှော့လိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အချို့သတင်းတွေမှာတော့ အပြီးတိုင်လက်လျှော့တာမဟုတ်ဘဲ စီမံကိန်းကို ဆက်လုပ်ဖို့ ဆိုင်းငံ့လိုက်တာသာဖြစ်တယ်လို့ ဖော်ပြကြပေမယ့် ဆက်လက်လုပ်ဆောင်ဖို့ ရာခိုင်နှုန်းကတော့ နည်းပါးနေတာပဲ ဖြစ်ပါတယ်။

မရှေးမနှောင်းမှာပဲ Samsung ရဲ့ မူပိုင်ခွင့်ဖိုင်အချို့ ထွက်ပေါ်လာခဲ့ပြီး ဒီအထဲမှာ AR glass နဲ့ ဆက်နွယ်နေတဲ့ လျှောက်ထားမှုတွေလည်း ပါဝင်နေတာကို တွေ့မြင်ရပါတယ်။ Samsung ရဲ့ Smartglasses ဟာ မျက်မှန်ကို ခေါက်မထားချိန်မှာ အလိုအလျောက် ပွင့်နေပြီး အသုံးပြုနိုင်မယ်လို့ မူပိုင်ခွင့်လျှောက်လွှာကတစ်ဆင့် သိရပါတယ်။

မျက်မှန်မှာ မှန်ဘီလူးအသေးတစ်ခုကနေတစ်ဆင့် ပရိုဂျက်တာ ပုံရိပ်ပေါ်လာစေဖို့ ပြုလုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့အပြင် မျက်မှန်ကိုင်းတွေထဲမှာ CPU, Wi-Fi နဲ့ ဘက်ထရီ၊ စပီကာ စတာတွေကို ထည့်သွင်းပေးထားတာလည်း မြင်တွေ့ရပါတယ်။ ဒါမျိုးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Samsung က ကြိုးစားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

Monitorless အမည်ရတဲ့ စီမံကိန်းမှာ AR အခြေခံ စမတ်မျက်မှန်ကို ဘယ်လိုတည်ဆောက်ထားတယ်ဆိုတဲ့အကြောင်း ဗီဒီယိုလည်း ပြသခဲ့ဖူးပါတယ်။ ဒါကို ၂၀၁၇ MWC မှာကတည်းက ပြသခဲ့တာပါ။ ဒီရုပ်သံဖိုင်ဟာ မူပိုင်ခွင့်လျှောက်လွှာမှာ မြင်တွေ့ရတဲ့ စမတ်နာရီနဲ့ အတော်လေးကို ဆင်တူတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီတော့ အမေရိကန်နည်းပညာကုမ္ပဏီကြီးက လက်လျှော့သွားတဲ့ အလားတူလုပ်ငန်းကို Samsung အနေနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မလားဆိုတာကို စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။

Ref: GSMArena