Samsung Galaxy A20 ကို ၂၀၁၉ ခုနှစ် မတ်လက ကြေညာခဲ့ပြီး Android 9 Pie ပဲ ပါလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Samsung Galaxy A20 အတွက် Android 11 အခြေပြု One UI 3.1 ကို Samsung က ဖြန့်ချိပေးလိုက်ပါတယ်။ အိန္ဒိယမှာ ရသွားကြတာ ဖြစ်ပြီး မကြာခင် တခြား နိုင်ငံတွေအတွက် ဖြန့်ချိနိုင်ပါတယ်။

Samsung Galaxy A20 gets Android 11-based One UI 3.1 update in India

Samsung Galaxy A20 အတွက် Android 11 အခြေပြု One UI 3.1 ရဲ့ Firmware Version ဟာ A205FXXUACUF3 ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လအတွက် Android Security Patch ထည့်သွင်းထားပါတယ်။ UI ဒီဇိုင်းကို ဆန်းသစ်ထားပြီး Chat Bubbles နဲ့ One-time Permissions တို့လို Android 11 ရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Samsung Galaxy A20 gets Android 11-based One UI 3.1 update in India -  GSMArena.com news

လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အိန္ဒိယက Samsung Galaxy A20 အလုံးတိုင်းမှာ Android 11 အခြေပြု One UI 3.1 ရကြတော့မှာ ဖြစ်ပါတယ်။ Samsung က တခြား နိုင်ငံတွေမှာ ဖြန့်ချိမယ့် အချိန်ကို မပြောသေးပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ရပါတယ်။ သင့်ရဲ့ Samsung Galaxy A20 မှာ Update ရရင် Notification နဲ့ အသိပေးမှာ ဖြစ်ပါတယ်။ Update ရပြီလား သင်ကိုယ်တိုင် စစ်ဆေးချင်ရင် Settings> Software Update ထဲကို သွားနိုင်ပါတယ်။

Samsung Galaxy A20 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပေမယ့် Super AMOLED မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် တော်တော်မိုက်ပါတယ်။

Ref : gsmarena