Samsung ဟာ A Series အတွက် စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်နိမ့် စမတ်ဖုန်း အသစ်တွေကို ဖန်တီးနေပြီး အဲဒီ စမတ်ဖုန်းတွေက Galaxy A23 နဲ့ A23 5G ဖြစ်ပါတယ်။

Samsung Galaxy A23 passes through Geekbench just as A23 5G renders leak

ပထမ ၁ လုံးအကြောင်း စပြောရရင် A23 ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A235F ဖြစ်ပြီး Geekbench ရဲ့ ဒေတာဘေ့စ်မှာ တွေ့လာရပါပြီ။ Motherboard ရဲ့ Codename အရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 680 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အနည်းဆုံး Version ၁ ခုမှာ 4GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Software ကတော့ နောက်ဆုံးထုတ် Android 12 ဖြစ်ပါတယ်။

Samsung Galaxy A23 passes through Geekbench just as A23 5G renders leak

A23 5G အကြောင်းပြောရရင် MediaTek Dimensity 700 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Specs တချို့နဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။ ၆.၅၅ လက်မ မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ပြီး အရွယ်သေး Notch ပါလာမှာပါ။ အနောက်ဘက် ကင်မရာ ၄ လုံးက 50MP Main , 8MP Ultrawide, 2MP Depth နဲ့ 2MP Macro တို့ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ နားကြပ်ပေါက် ပါလာမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံက 165.4 x 77 x 8.5 mm ဖြစ်နိုင်ပါတယ်။ ကင်မရာ Bump ပါထည့်တွက်ရင် 10.3mm ရှိမှာပါ။

Samsung Galaxy A23 passes through Geekbench just as A23 5G renders leak

A23 မှာတော့ ၆.၄ လက်မ IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Galaxy A23 နဲ့ A23 5G ကို မတ်လကုန်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena