Samsung က ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာ Galaxy A31 ကို ကြေညာခဲ့ပြီး Android 10 အခြေပြု One UI 2.x ထည့်သွင်းထားပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ Android 11 အခြေပြု One UI 3.1 ကို ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ၁ နှစ်ကျော် အကြာမှာ အဲဒီ ဖုန်းအတွက် Android 12 Update ကို ထုတ်လုပ်ပေးလိုက်ပါတယ်။

Samsug Galaxy A31

SamMobile က Samsung ဟာ Galaxy A31 အတွက် Android 12 အခြေပြု One UI 4.1 ကို ဖြန့်ချိပေးလိုက်တယ်လို့ ပြောပါတယ်။ Update မှာ လုပ်ဆောင်ချက် အသစ်တွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွက် Security Patch ပါလာပါတယ်။

Galaxy A31 | Samsung Hong Kong

OTA Update ကို လက်ရှိ ရုရှားမှာ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Firmware Version က A315FXXU1DVD8 ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း တခြား နိုင်ငံတွေမှာ ဖြန့်ချိပေးမယ်လို့ သိရပါတယ်။

Android 12 ဟာ Galaxy A31 အတွက် Major System Update ဖြစ်ပါတယ်။ Galaxy A51 နဲ့ Galaxy A71 တို့လို မဟုတ်ဘဲ Android Update ၂ ခုပဲ ရမှာ ဖြစ်ပြီး အခုဆိုရင် ၂ ခုစလုံး ရရှိသွားပါပြီ။ ဒါပေမယ့် Security Update တွေကိုတော့ ထပ်ရဦးမှာပါ။

Samsung Galaxy A31 မှာ ၆.၄ လက်မ FHD+ AMOLED မျက်နှာပြင်၊ MediaTek Helio P65 SoC ၊ 48MP Wide , 8MP Ultrawide, 5MP Macro နဲ့ 5MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 20MP ဆဲလ်ဖီး ကင်မရာ ၊ 5,000mAh ဘက်ထရီနဲ့ 15W Charging တွေ ပါပါတယ်။

Ref : gizmochina