Samsung ဟာ 5G အမျိုးအစား Mid-range ဖုန်းတွေအဖြစ် Galaxy A71 5G နဲ့ Galaxy A51 5G တွေကို မိတ်ဆက်ခဲ့ပြီး ဈေးကွက်ထဲမှာလည်း ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်နှစ်မျိုးလုံးဟာ ဈေးနှုန်းအားဖြင့် ဈေးချိုလွန်းတယ်လို့ ပြောလို့တော့ မရသေးပါဘူး။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ 5G စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဘက်အမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်ဖို့အတွက် ပိုပြီးဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။ ဒီလိုဈေးချိုတဲ့ 5G စမတ်ဖုန်းဟာ ဒီနှစ်ထဲမှာတော့ ထွက်ပေါ်လာတော့မှာမဟုတ်ပါဘူး။

SamMobile ရဲ့ ရေးသားဖော်ပြမှုအရဆိုရင်တော့ Galaxy A42 ဟာ Samsung ရဲ့ ဈေးနှုန်းအသက်သာဆုံး 5G ဟန်းဆက် ဖြစ်လာမယ်လို့ သိရပါတယ်။ Galaxy A42 ဟာ 128GB သိုလှောင်မှုပမာဏထည့်သွင်းပေးမယ်လို့လည်း ဆိုပါတယ်။ ဒီပမာဏဟာ လက်ရှိ Galaxy A41 ထက် နှစ်ဆများပြားနေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

Galaxy A42 ဟာ A41 ကို ဆက်ခံမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာမှ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ Galaxy A42 ရဲ့ မိတ်ဆက်ချိန်နဲ့ အလှမ်းဝေးလွန်းနေသလို၊ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထွက်ပေါ်လာဖို့လည်း စောလွန်းနေသေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အသေးစိတ်အချက်အလက်တွေအတွက် အချိန်အတော်ကြာစောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

Ref: GSM Arena