Samsung ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ဒီနှစ်အတွက် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S22 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး Galaxy S22 ဖုန်းတွေကို မိတ်မဆက်ခင်မှာ ပြီးခဲ့တဲ့ Galaxy S21 က စတင်ပြီး Galaxy S10 Series ဖုန်းတွေ၊ Galaxy Fold လိုမျိုး Foldable ဖုန်းတွေအားလုံးအတွက် Android 12 ကို အခြေခံထားတဲ့ OneUI 4 Update ကို တရားဝင်ထုတ်ပေးထားပြီးဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Flagship ဖုန်းတွေတင်မဟုတ်ဘဲ Galaxy A Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A72 အတွက်ပါ Android 12 အခြေခံထားတဲ့ OneUI 4 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။ အဲ့ဒီအတွက် Galaxy A72 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Android 12 Update ကို အစောဆုံးရရှိတဲ့ Galaxy A Series ဖုန်းတစ်လုံးဖြစ်လာပါတယ်။

ယခု Android 12 Update နဲ့အတူ OneUI 4 ဟာ Design ပိုင်းပြောင်းလဲထားမှာဖြစ်ပြီး Wallpaper ပေါ်မူတည်ပြီး Theme Color ပြောင်းနိုင်တာတွေ၊ Notification ပိုင်းပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်သလို Privacy ၊ Location နဲ့တခြားသော Setting ပိုင်း Feature တွေကိုလည်း အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ လောလောဆယ်မှာ OneUI 4 Update ဟာ အသုံးပြုသူတွေဘက်ကနေ ဝေဖန်ခံရမှုနည်းပါးပြီး အသုံးပြုမှုအပိုင်းမှာ ချီးကျူးခံနေရတာဖြစ်ပါတယ်။

Galaxy A72 အတွက် OneUI 4 Update ဟာ လောလောဆယ်မှာ Russia Region အတွက် အစောဆုံးရရှိလာတာဖြစ်ပြီး Firmware Number အနေနဲ့ A725FXXU4BULA ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Update နဲ့အတူ December Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ တခြားသော Region တွေကလည်း ယခု Update ကို အသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့ Galaxy A Series ဖုန်းတွေလည်း မကြာခင်မှာ Update ရရှိလာနိုင်ပါတယ်။

Ref – GSM Arena