Zawgyi

ဒီေန႔ေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားဟာ အလုပ္ကိစၥ၊ ေက်ာင္းကိစၥ၊ လူမႈ႕ေရးကိစၥေတြနဲ႔အတူ မအား မလပ္ ျဖစ္ေနၾကတာပါ။ အခုလို မအား မလပ္ ျဖစ္ေနတာမ်ိဴးေတြက တခါတေလဆို ကိစၥမရွိေပမယ့္ အခ်ိန္ျပည့္ ျဖစ္ေနတယ္ဆိုရင္ေတာ့ မိသားစုအတြက္ အခ်ိန္မေပးႏိုင္ဘဲ မိသားစု ဆက္ဆံေရးေတြကိုပါ ထိခိုက္လာႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာ အခ်ိန္ျပည့္ မအား မလပ္ ျဖစ္ေနတဲ့သူဆိုရင္ မိသားစု ဆက္ဆံေရးကိုလည္း မထိခိုက္ေအာင္ ေအာက္ပါ အခ်က္ (၄)ခ်က္ကို လိုက္နာက်င့္သုံးလိုက္ပါ။

ေပ်ာ္ပြဲ ႐ႊင္ပြဲေလးေတြကို မၾကာခဏ က်င္းပေပးပါ
မိသားစုနဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေလးေတြကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ဘယ္လိုအရာေတြက အေကာင္းဆုံး ျဖစ္မလဲဆိုတာ စဥ္းစားပါ။ ေမြးေန႔ ပါတီ က်င္းပတာမ်ိဴး ၊ အားလပ္ရက္ ခရီးထြက္တာမ်ိဴးေတြ လုပ္မွ ေပ်ာ္စရာေကာင္းတာ မဟုတ္ပါဘူး။
TV ေရွ႕မွာ မိသားစု စုံစုံလင္လင္ ဟာသကား ၾကည့္တာမ်ိဴး၊ သရဲကား ၾကည့္တာမ်ိဴးေတြက ေၾကာက္စရာေကာင္းေပမယ့္ ေတာ္ေတာ္ေလး ေပ်ာ္စရာ ေကာင္းတာေတာ့ အမွန္ပါပဲ။ ဥပမာ – စာေမးပြဲေအာင္လို႔၊ အိမ္မႈ႕ကိစၥႏိုင္နင္းလို႔၊ ရာထူးတိုးလို႔ ဆိုၿပီး ဂုဏ္ျပဳပြဲ က်င္းပတာမ်ိဴးေတြကိုလည္း ေပ်ာ္စရာ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္လို႔ ရပါေသးတယ္။ ဒီလိုမ်ိဴး ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေလးေတြကို ႀကဳံေတြ႕ေနရၿပီ ဆိုရင္လည္း အမွတ္တရ ဓာတ္ပုံေလးေတြ ႐ိုက္ကူးထားဖို႔ မေမ့ပါနဲ႔။ ေနာင္တခ်ိန္မွာ အဲဒီဓာတ္ပုံေလးေတြကို ျပန္ၾကည့္တဲ့အခါ ၾကည္ႏူးစရာ အခိုက္အတန္႔ေလးေတြကို ပိုင္ဆိုင္ေစမွာ ျဖစ္ပါတယ္။

ေပ်ာ္႐ႊင္ဖြယ္ မိသားစု ထမင္းဝိုင္း
လူေတာ္ေတာ္မ်ားမ်ားဟာ ေက်ာင္း ဒါမွမဟုတ္ အလုပ္ခြင္ေတြမွာ ကိုယ့္ဘဝ တက္လမ္းအတြက္ လႈပ္ရွား ႐ုန္းကန္ေနၾကပါတယ္။ အခုလိုမ်ိဴး လႈပ္ရွား ႐ုန္းကန္ဖို႔အတြက္ အိမ္ဆိုတဲ့ အရာကို မနက္လင္း ကတည္းက ေက်ာခိုင္း ထြက္ခြာခဲ့ရပါတယ္။ ေက်ာခိုင္း ထြက္ခြာရာမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အလုပ္ခ်ိန္၊ ေက်ာင္းခ်ိန္မ်ား မတူညီတာေၾကာင့္ နံနက္ခင္း ထမင္းဝိုင္းဟာ မိသားစု စုံစုံလင္လင္ မရွိတာမ်ိဴးေတြ မ်ားပါတယ္။ အလားတူ ေန႔လယ္ခင္းမွာလည္း ကူးသန္း သြားလာေရး အခက္အခဲေတြေၾကာင့္ အိမ္ကို ျပန္မစားျဖစ္ၾကဘဲ ထမင္းခ်ိဴင့္သာ ထုပ္ခဲ့ေလ့ရွိၿပီး တခ်ိဴ႕ကေတာ့ အျပင္မွာပဲ စားၾကပါတယ္။ ဒီေတာ့ လူေတာ္ေတာ္မ်ားမ်ားအတြက္ ေပ်ာ္႐ႊင္ဖြယ္ မိသားစု ထမင္းဝိုင္းကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုတာ ညစာပဲ ရွိပါေတာ့တယ္။ ညစာကိုေတာ့ မိသားစု စုံစုံလင္လင္နဲ႔ စားႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားေပးပါ။ အခက္အခဲ အမ်ိဴးမ်ိဴးေၾကာင့္ ညတိုင္း ညတိုင္း အတူတူ မစားႏိုင္ဘူးဆိုရင္ေတာင္ တပတ္မွာ အနည္းဆုံး ၃-၄ ရက္ေလာက္ စားျဖစ္ေအာင္ စားပါ။ မိသားစု စုံစုံလင္လင္နဲ႔ ညစာ စားေနၿပီ ဆိုရင္လည္း မိမိ ျဖတ္သန္းခဲ့ရတဲ့ တေန႔တာ ျဖစ္စဥ္ေတြထဲက ရယ္ေမာစရာ အျဖစ္အပ်က္ေလးေတြကို ျပန္လည္မွ်ေဝေပးပါ။ ဒီနည္းနဲ႔ ေပ်ာ္႐ႊင္စရာ မိသားစု ထမင္းဝိုင္းေလးကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

အဆက္အသြယ္ မ်ားမ်ားလုပ္ေပးပါ
ေရေျမေတြ ျခားၿပီး ေဝးကြာေနတဲ့ မိသားစုေတြ ရွိသလို ေခတၱ ခြဲခြာေနရတဲ့ မိသားစုေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဴး ခြဲခြာေနရတဲ့ အခ်ိန္မ်ိဴးေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာခြင့္မရေပမယ့္ နည္းပညာေတြ တိုးတက္လာတာေၾကာင့္ Social Network တစ္ခုခုေပၚမွာ Family Group Chat ေတြ ဖန္တီးထားလို႔ရပါတယ္။ အဆိုပါ Group Chat ေတြကေန တဆင့္ Video Call ေခၚဆိုျခင္း၊ မိမိ ႀကဳံေတြေနရတဲ့ ရယ္ေမာစရာ အျဖစ္အပ်က္ေတြကို ျပန္လည္ေျပာဆိုျခင္း စတဲ့ အေၾကာင္းအရာေတြကို ဓာတ္ပုံျဖစ္ေသာ္လည္းေကာင္း၊ ဗီဒီယိုျဖစ္ေသာ္လည္းေကာင္း၊ Stickers ျဖစ္ေသာ္လည္းေကာင္း အခ်ိန္နဲ႔ တေျပးညီ ျပန္လည္မွ်ေဝႏိုင္မွာ ျဖစ္ပါတယ္။ ဒီနည္းနဲ႔ ေပ်ာ္႐ႊင္ဖြယ္ မိသားစု စကားဝိုင္းေလးကို ဖန္တီးႏိုင္ပါတယ္။

အေပ်ာ္ခရီးေတြ ထြက္ေပးပါ
မိသားစုနဲ႔အတူ ေပါ့ေပ့ါပါးပါး လြတ္လြတ္လပ္လပ္သြားႏိုင္မယ့္ အေပ်ာ္ခရီးေလးေတြကို ဖန္တီးပါ။ အေပ်ာ္ခရီးထြက္ဖို႔အတြက္ အခ်ိန္လုံလုံေလာက္ေလာက္ မရွိဘူးဆိုရင္ မိမိ ပတ္ဝန္းက်င္ အနီးအနားမွာရွိတဲ့ ေနရာေလးေတြကို မိသားစုနဲ႔အတူ သြားလိုက္ပါ။ ဥပမာ – တိရစာၦန္ဥယ်ာဥ္ နဲ႔ ပန္းၿခံလို ေနရာမ်ိဴးေတြကို မိသားစုနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခရီးထြက္လို႔ ရပါတယ္။ ဒါ့အျပင္ ကားနဲ႔ သြားေနက် ေနရာေတြကို ရထားနဲ႔ သြားတာကလည္း မတူညီတဲ့ ေပ်ာ္႐ႊင္မႈေတြကို ေပးစြမ္းႏိုင္ပါတယ္။

ဒီအခ်က္ေတြဟာ လက္ရွိ မိသားစုဘဝကို ေပ်ာ္႐ႊင္ေစ႐ုံသာမက ေနာင္တခ်ိန္မွာ အရင္တုန္းက အျဖစ္အပ်က္ေတြကို ျပန္လည္အမွတ္ရတဲ့အခါမွာလည္း ၾကည္ႏူးစရာ အခိုက္အတန္႔ေတြကို ေပးစြမ္းႏိုင္မွာ ျဖစ္ပါတယ္။ အခုလိုမ်ိဴး ၾကည္ႏူးစရာ အခိုက္အတန႔္ေတြကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အမွတ္တရ ဓာတ္ပုံေလးေတြ ႐ိုက္ကူးထားဖို႔ လိုပါလိမ့္မယ္။ အမွတ္တရ ဓာတ္ပုံေလးေတြ ႐ိုက္ကူးမယ္ဆိုရင္ Samsung Galaxy J4+ ရဲ႕ ကင္မရာက သင့္ကို ကူညီေပးပါလိမ့္မယ္။ Samsung Galaxy J4+ မွာ Aperture f/1.9 အက်ယ္ရွိ 13MP Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.2 အက်ယ္ရွိ 5MP Camera ကို တပ္ဆင္ေပးထားပါတယ္။ ဒါ့အျပင္ မိသားစု ဓာတ္ပုံမ်ား ႐ိုက္ကူးရာတြင္ အဆင္ေျပေစမယ့္ Floating Shutter Button ကို ထည့္သြင္းေပးထားၿပီး Group Selfies ဓာတ္ပုံမ်ားလည္း ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

Samsung Galaxy J4+ ကို အသုံးျပဳၿပီး ၾကည္ႏူးစရာ အခိုက္အတန္႔ေလးမ်ားကို ဖန္တီးျခင္းျဖင့္ ေပ်ာ္႐ႊင္ဖြယ္ မိသားစု ဘဝေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Unicode

Samsung Galaxy J4+ နဲ့အတူ ပျော်ရွှင်ဖွယ် မိသားစုဘဝကို ပိုင်ဆိုင်နိုင်စေမယ့် လျိူ့ဝှက်ချက် (၄)ချက်

ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ လူမှု့ရေးကိစ္စတွေနဲ့အတူ မအား မလပ် ဖြစ်နေကြတာပါ။ အခုလို မအား မလပ် ဖြစ်နေတာမျိူးတွေက တခါတလေဆို ကိစ္စမရှိပေမယ့် အချိန်ပြည့် ဖြစ်နေတယ်ဆိုရင်တော့ မိသားစုအတွက် အချိန်မပေးနိုင်ဘဲ မိသားစု ဆက်ဆံရေးတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အချိန်ပြည့် မအား မလပ် ဖြစ်နေတဲ့သူဆိုရင် မိသားစု ဆက်ဆံရေးကိုလည်း မထိခိုက်အောင် အောက်ပါ အချက် (၄)ချက်ကို လိုက်နာကျင့်သုံးလိုက်ပါ။

ပျော်ပွဲ ရွှင်ပွဲလေးတွေကို မကြာခဏ ကျင်းပပေးပါ
မိသားစုနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုအရာတွေက အကောင်းဆုံး ဖြစ်မလဲဆိုတာ စဥ်းစားပါ။ မွေးနေ့ ပါတီ ကျင်းပတာမျိူး ၊ အားလပ်ရက် ခရီးထွက်တာမျိူးတွေ လုပ်မှ ပျော်စရာကောင်းတာ မဟုတ်ပါဘူး။
TV ရှေ့မှာ မိသားစု စုံစုံလင်လင် ဟာသကား ကြည့်တာမျိူး၊ သရဲကား ကြည့်တာမျိူးတွေက ကြောက်စရာကောင်းပေမယ့် တော်တော်လေး ပျော်စရာ ကောင်းတာတော့ အမှန်ပါပဲ။ ဥပမာ – စာမေးပွဲအောင်လို့၊ အိမ်မှု့ကိစ္စနိုင်နင်းလို့၊ ရာထူးတိုးလို့ ဆိုပြီး ဂုဏ်ပြုပွဲ ကျင်းပတာမျိူးတွေကိုလည်း ပျော်စရာ အထိမ်းအမှတ်အဖြစ် ပြုလုပ်လို့ ရပါသေးတယ်။ ဒီလိုမျိူး ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို ကြုံတွေ့နေရပြီ ဆိုရင်လည်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးထားဖို့ မမေ့ပါနဲ့။ နောင်တချိန်မှာ အဲဒီဓာတ်ပုံလေးတွေကို ပြန်ကြည့်တဲ့အခါ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ် မိသားစု ထမင်းဝိုင်း
လူတော်တော်များများဟာ ကျောင်း ဒါမှမဟုတ် အလုပ်ခွင်တွေမှာ ကိုယ့်ဘဝ တက်လမ်းအတွက် လှုပ်ရှား ရုန်းကန်နေကြပါတယ်။ အခုလိုမျိူး လှုပ်ရှား ရုန်းကန်ဖို့အတွက် အိမ်ဆိုတဲ့ အရာကို မနက်လင်း ကတည်းက ကျောခိုင်း ထွက်ခွာခဲ့ရပါတယ်။ ကျောခိုင်း ထွက်ခွာရာမှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်ချိန်၊ ကျောင်းချိန်များ မတူညီတာကြောင့် နံနက်ခင်း ထမင်းဝိုင်းဟာ မိသားစု စုံစုံလင်လင် မရှိတာမျိူးတွေ များပါတယ်။ အလားတူ နေ့လယ်ခင်းမှာလည်း ကူးသန်း သွားလာရေး အခက်အခဲတွေကြောင့် အိမ်ကို ပြန်မစားဖြစ်ကြဘဲ ထမင်းချိူင့်သာ ထုပ်ခဲ့လေ့ရှိပြီး တချိူ့ကတော့ အပြင်မှာပဲ စားကြပါတယ်။ ဒီတော့ လူတော်တော်များများအတွက် ပျော်ရွှင်ဖွယ် မိသားစု ထမင်းဝိုင်းကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ ညစာပဲ ရှိပါတော့တယ်။ ညစာကိုတော့ မိသားစု စုံစုံလင်လင်နဲ့ စားနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ။ အခက်အခဲ အမျိူးမျိူးကြောင့် ညတိုင်း ညတိုင်း အတူတူ မစားနိုင်ဘူးဆိုရင်တောင် တပတ်မှာ အနည်းဆုံး ၃-၄ ရက်လောက် စားဖြစ်အောင် စားပါ။ မိသားစု စုံစုံလင်လင်နဲ့ ညစာ စားနေပြီ ဆိုရင်လည်း မိမိ ဖြတ်သန်းခဲ့ရတဲ့ တနေ့တာ ဖြစ်စဥ်တွေထဲက ရယ်မောစရာ အဖြစ်အပျက်လေးတွေကို ပြန်လည်မျှဝေပေးပါ။ ဒီနည်းနဲ့ ပျော်ရွှင်စရာ မိသားစု ထမင်းဝိုင်းလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အဆက်အသွယ် များများလုပ်ပေးပါ
ရေမြေတွေ ခြားပြီး ဝေးကွာနေတဲ့ မိသားစုတွေ ရှိသလို ခေတ္တ ခွဲခွာနေရတဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဒီလိုမျိူး ခွဲခွာနေရတဲ့ အချိန်မျိူးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြီး စကားပြောခွင့်မရပေမယ့် နည်းပညာတွေ တိုးတက်လာတာကြောင့် Social Network တစ်ခုခုပေါ်မှာ Family Group Chat တွေ ဖန်တီးထားလို့ရပါတယ်။ အဆိုပါ Group Chat တွေကနေ တဆင့် Video Call ခေါ်ဆိုခြင်း၊ မိမိ ကြုံတွေနေရတဲ့ ရယ်မောစရာ အဖြစ်အပျက်တွေကို ပြန်လည်ပြောဆိုခြင်း စတဲ့ အကြောင်းအရာတွေကို ဓာတ်ပုံဖြစ်သော်လည်းကောင်း၊ ဗီဒီယိုဖြစ်သော်လည်းကောင်း၊ Stickers ဖြစ်သော်လည်းကောင်း အချိန်နဲ့ တပြေးညီ ပြန်လည်မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ပျော်ရွှင်ဖွယ် မိသားစု စကားဝိုင်းလေးကို ဖန်တီးနိုင်ပါတယ်။

အပျော်ခရီးတွေ ထွက်ပေးပါ
မိသားစုနဲ့အတူ ပေါ့ပေ့ါပါးပါး လွတ်လွတ်လပ်လပ်သွားနိုင်မယ့် အပျော်ခရီးလေးတွေကို ဖန်တီးပါ။ အပျော်ခရီးထွက်ဖို့အတွက် အချိန်လုံလုံလောက်လောက် မရှိဘူးဆိုရင် မိမိ ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ နေရာလေးတွေကို မိသားစုနဲ့အတူ သွားလိုက်ပါ။ ဥပမာ – တိရစ္ဆာန်ဥယျာဥ် နဲ့ ပန်းခြံလို နေရာမျိူးတွေကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လို့ ရပါတယ်။ ဒါ့အပြင် ကားနဲ့ သွားနေကျ နေရာတွေကို ရထားနဲ့ သွားတာကလည်း မတူညီတဲ့ ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။

ဒီအချက်တွေဟာ လက်ရှိ မိသားစုဘဝကို ပျော်ရွှင်စေရုံသာမက နောင်တချိန်မှာ အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်လည်အမှတ်ရတဲ့အခါမှာလည်း ကြည်နူးစရာ အခိုက်အတန့်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိူး ကြည်နူးစရာ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးထားဖို့ လိုပါလိမ့်မယ်။ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးမယ်ဆိုရင် Samsung Galaxy J4+ ရဲ့ ကင်မရာက သင့်ကို ကူညီပေးပါလိမ့်မယ်။ Samsung Galaxy J4+ မှာ Aperture f/1.9 အကျယ်ရှိ 13MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.2 အကျယ်ရှိ 5MP Camera ကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် မိသားစု ဓာတ်ပုံများ ရိုက်ကူးရာတွင် အဆင်ပြေစေမယ့် Floating Shutter Button ကို ထည့်သွင်းပေးထားပြီး Group Selfies ဓာတ်ပုံများလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy J4+ ကို အသုံးပြုပြီး ကြည်နူးစရာ အခိုက်အတန့်လေးများကို ဖန်တီးခြင်းဖြင့် ပျော်ရွှင်ဖွယ် မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။