Samsung ဟာ ပြီးခဲ့တဲ့ လအစောပိုင်းက Galaxy M02s ကို ကြေညာခဲ့ပြီး အခုတော့ ပိုဈေးချိုတဲ့ Galaxy M02 ကို ချပြလိုက်ပါတယ်။ Samsung Galaxy M02 မှာ ၆.၅ လက်မ Infinity-V HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Samsung Galaxy M02 announced with 6.5'' display and 5,000 mAh battery

အနောက်ဘက်မှာ Texture ပါတဲ့အတွက် လက်ထဲမြဲမြံစွာ ကိုင်နိုင်ပြီး ကင်မရာ ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေက 13MP Main နဲ့ 2MP Macro တို့ ဖြစ်ပြီး အောက်မှာ LED Flash ၁ လုံး ပူးတွဲထားပါတယ်။

Samsung Galaxy M02 announced with 6.5'' display and 5,000 mAh battery

MediaTek MT6739W SoC မောင်းနှင်ထားပြီး 2GB နဲ့ 3GB RAM ထည့်ထားပါတယ်။ Android 10 အခြေပြု One UI ပါလာပြီး 32GB Storage တပ်ဆင်ထားပါတယ်။ 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းလို့ရပါတယ်။

အထူက ၉.၁ မီလီမီတာ ဖြစ်ပြီး ၂၀၆ ဂရမ် အလေးချိန် ရှိပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာတာ ကောင်းပေမယ့် microUSB Port ပဲ ပါလာတာ သိပ်မမိုက်ပါဘူး။ အနက်၊ အညို၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၉ ရက်နေ့ အိန္ဒိယမှာ Amazon.in နဲ့ Samsung တရားဝင် ဝက်ဘ်ဆိုက်ကနေ ရောင်းမှာပါ။

2/32GB ကို ၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၁ သိန်း ၃ သောင်းလောက်ပဲ ကျသင့်ပါတယ်။ 3/32GB ရဲ့ ဈေးကို မသိရသေးပါဘူး။

Ref : gsmarena