Zawgyi

Samsung Galaxy Note 10 Series ဖုန္းေတြဟာ လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔ဆုိရင္ တရားဝင္မိတ္ဆက္သြားေတာ့မွာပါ။ ဒါေပမယ့္  Galaxy Note 10 ဖုန္းေတြမွာ ပါဝင္လာမယ့္ Feature ေတြ၊ Design နဲ႔ Specs ေတြအကုန္ေပါက္ၾကားေနျပီျဖစ္သလုိ အခုဆုိရင္ ေစ်းႏႈန္းလည္း ေပါက္ၾကားလာခဲ့ပါျပီ။

အခု Galaxy Note 10 ရဲ႕ ေစ်းႏႈန္းသတင္းဟာဆုိရင္ နာမည္ၾကီး Leakstar တစ္ဦးျဖစ္တဲ့ Roland Quandt ကေဖာ္ျပခဲ့တာျဖစ္ျပီး US Market မွာ ေရာင္းခ်မယ့္ ေစ်းႏႈန္းေတြလည္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ တျခားႏုိင္ငံေတြမွာေတာ့ ႏုိင္ငံေပၚမႈတည္ျပီး ေစ်းကြာျခားႏုိင္ပါတယ္။

Roland ကေတာ့ Smaller Version ျဖစ္လာမယ့္ Galaxy Note 10 ဟာ ေစ်းအေနနဲ႔ $949 ကေန စတင္မွာျဖစ္ျပီးေတာ့ Screen Size ပုိၾကီးတဲ့အျပင္ ToF Camera ပါဝင္တဲ့ Galaxy Note 10+ ကေတာ့ $1,099 ကေန စတင္မွာပါ။ ဒီေစ်းေတြက RAM 8GB ၊ 256GB ပါဝင္တဲ့ Base Version ေတြျဖစ္ျပီး RAM 12GB နဲ႔ 1TB Storage Version ေတြဆုိရင္ေတာ့ အခုထက္ပိုေစ်းၾကီးမွာပါ။

ျပီးခဲ့တဲ့ႏွစ္တုန္းက Galaxy Note 9 စမတ္ဖုန္းဟာ US Market မွာ RAM 6GB ၊ 128GB ကို $999 နဲ႔ စတင္ေရာင္းခ်ခဲ့တဲ့အတြက္ ဒီႏွစ္ Galaxy Note 10 က ေစ်းပိုသက္သာတယ္လုိ႔ ေျပာလုိ႔ရေပမယ့္ ပိုေကာင္းတဲ့ Galaxy Note 10+ ကေတာ့ $100 ပိုေစ်းၾကီးသြားတာပဲျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Samsung Galaxy Note 10 Series ဖုန်းတွေဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့ဆိုရင် တရားဝင်မိတ်ဆက်သွားတော့မှာပါ။ ဒါပေမယ့် အခုအချိန်မှာဆိုရင် Galaxy Note 10 ဖုန်းတွေမှာ ပါဝင်လာမယ့် Feature တွေ၊ Design နဲ့ Specs တွေအကုန်ပေါက်ကြားနေပြီဖြစ်သလို အခုဆိုရင် ဈေးနှုန်းလည်း ပေါက်ကြားလာခဲ့ပါပြီ။

အခု Galaxy Note 10 ရဲ့ ဈေးနှုန်းသတင်းဟာဆိုရင် နာမည်ကြီး Leakstar တစ်ဦးဖြစ်တဲ့ Roland Quandt ကဖော်ပြခဲ့တာဖြစ်ပြီး US Market မှာ ရောင်းချမယ့် ဈေးနှုန်းတွေလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် တခြားနိုင်ငံတွေမှာတော့ နိုင်ငံပေါ်မှုတည်ပြီး ဈေးကွာခြားနိုင်ပါတယ်။

Roland ကတော့ Smaller Version ဖြစ်လာမယ့် Galaxy Note 10 ဟာ ဈေးအနေနဲ့ $949 ကနေ စတင်မှာဖြစ်ပြီးတော့ Screen Size ပိုကြီးတဲ့အပြင် ToF Camera ပါဝင်တဲ့ Galaxy Note 10+ ကတော့ $1,099 ကနေ စတင်မှာပါ။ ဒီဈေးတွေက RAM 8GB ၊ 256GB ပါဝင်တဲ့ Base Version တွေဖြစ်ပြီးတော့ တကယ်လို့ RAM 12GB နဲ့ 1TB Storage Version တွေဆိုရင်တော့ အခုထက်ပိုဈေးကြီးမှာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက Galaxy Note 9 စမတ်ဖုန်းဟာ US Market မှာ RAM 6GB ၊ 128GB ကို $999 နဲ့ စတင်ရောင်းချခဲ့တဲ့အတွက် ဒီနှစ် Galaxy Note 10 က ဈေးပိုသက်သာတယ်လို့ ပြောလို့ရပေမယ့် ပိုကောင်းတဲ့ Galaxy Note 10+ ကတော့ $100 ပိုဈေးကြီးသွားတာပဲဖြစ်ပါတယ်။

Ref – GSM Arena