[Zawgyi]

Samsung Galaxy Note 10 နဲ႔ ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြကေတာ့ စိတ္ဝင္စားစရာ အျပည့္ပါပဲ။ ၂၀၁၉ ႏွစ္ဦးပိုင္းေလာက္ကတည္းက တျဖည္းျဖည္းခ်င္း ထြက္ေပၚခဲ့တဲ့ သတင္းေတြထဲမွာ Note 10 ဟာ ႏွိပ္စရာ ခလုတ္တစ္ခုမွ မပါဝင္ဘူး၊ 4500mAh ဘက္ထရီႀကီး သုံးထားမယ္၊ ေက်ာဘက္ကင္မရာ ၄ လုံးပါဝင္လာမယ္ စသျဖင့္ စုံလင္ေနပါတယ္။

Galaxy Note 10 နဲ႔ ပတ္သက္ၿပီး ထြက္ေပၚခဲ့သမွ် သတင္းအေတာ္မ်ားမ်ားက ခိုင္လုံတဲ့ သက္ေသအေထာက္အထား မရွိခဲ့တာေၾကာင့္ ေကာလာဟလေတြအျဖစ္သာ သတ္မွတ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရက္က Benchmark မွာေတြ႕ရတဲ့ အခ်က္အလက္အရ Galaxy Note 10 ဟာ 19:9 မ်က္ႏွာျပင္အမ်ိဳးအစားနဲ႔ ျဖစ္တာကို သိလိုက္ရပါတယ္။

Galaxy Note 9 ဟာ 18.5:9 ရွိခဲ့ေပမယ့္ Note 10 က 19:9 ေျပာင္းလဲသြားတာေၾကာင့္ ဒါဟာ Selfie ကင္မရာေတြကို Punch-hole အျဖစ္ ေျပာင္းလဲလိုက္ျခင္းရဲ႕ အက်ိဳးဆက္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ Flagship အသစ္ဟာ Galaxy Note 10 နဲ႔ Galaxy Note 10 Pro အျဖစ္ အမ်ိဳးအစားႏွစ္မ်ိဳး၊ အ႐ြယ္အစား ႏွစ္မ်ိဳး ထြက္လာဦးမယ္လို႔လည္း ဆိုၾကပါတယ္။

ဒီအမ်ိဳးအစား ႏွစ္မ်ိဳးထဲမွာမွ Verizon ရဲ႕ Note 10 Pro ဟာ 5G ျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ SM-N976V ျဖစ္တယ္လို႔လည္း သိရပါတယ္။ ေကာလာဟလေတြမွာေတာ့ Vanilla Note 10 ဟာ 6.28-inch မ်က္ႏွာျပင္ျဖစ္ၿပီး Pro ကေတာ့ 6.75-inch ျဖစ္လိမ့္မယ္လို႔ ေဖာ္ျပထားပါတယ္။

Ref: GSMArena

[Unicode]

Benchmark အရ Samsung Galaxy Note 10 ဟာ 19:9 မျက်နှာပြင် အချိုးဖြစ်ကြောင်း သိရ

Samsung Galaxy Note 10 နဲ့ ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေကတော့ စိတ်ဝင်စားစရာ အပြည့်ပါပဲ။ ၂၀၁၉ နှစ်ဦးပိုင်းလောက်ကတည်းက တဖြည်းဖြည်းချင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ Note 10 ဟာ နှိပ်စရာ ခလုတ်တစ်ခုမှ မပါဝင်ဘူး၊ 4500mAh ဘက်ထရီကြီး သုံးထားမယ်၊ ကျောဘက်ကင်မရာ ၄ လုံးပါဝင်လာမယ် စသဖြင့် စုံလင်နေပါတယ်။

Galaxy Note 10 နဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့သမျှ သတင်းအတော်များများက ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိခဲ့တာကြောင့် ကောလာဟလတွေအဖြစ်သာ သတ်မှတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်က Benchmark မှာတွေ့ရတဲ့ အချက်အလက်အရ Galaxy Note 10 ဟာ 19:9 မျက်နှာပြင်အမျိုးအစားနဲ့ ဖြစ်တာကို သိလိုက်ရပါတယ်။

Galaxy Note 9 ဟာ 18.5:9 ရှိခဲ့ပေမယ့် Note 10 က 19:9 ပြောင်းလဲသွားတာကြောင့် ဒါဟာ Selfie ကင်မရာတွေကို Punch-hole အဖြစ် ပြောင်းလဲလိုက်ခြင်းရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Flagship အသစ်ဟာ Galaxy Note 10 နဲ့ Galaxy Note 10 Pro အဖြစ် အမျိုးအစားနှစ်မျိုး၊ အရွယ်အစား နှစ်မျိုး ထွက်လာဦးမယ်လို့လည်း ဆိုကြပါတယ်။

ဒီအမျိုးအစား နှစ်မျိုးထဲမှာမှ Verizon ရဲ့ Note 10 Pro ဟာ 5G ဖြစ်ပြီး မော်ဒယ်နံပါတ် SM-N976V ဖြစ်တယ်လို့လည်း သိရပါတယ်။ ကောလာဟလတွေမှာတော့ Vanilla Note 10 ဟာ 6.28-inch မျက်နှာပြင်ဖြစ်ပြီး Pro ကတော့ 6.75-inch ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

Ref: GSMArena