Zawgyi

Samsung ရဲ႕ ေနာက္ႏွစ္အေစာပိုင္းမွာ မိတ္ဆက္လာမယ့္ Galaxy S11 ဖုန္းရဲ႕ Render ဓါတ္ပုံေတြက မၾကာေသးခင္တုန္းက ေပါက္ၾကားခဲ့ၿပီးျဖစ္ပါတယ္။ အခုလည္း Galaxy S11 Series ဖုန္းေတြထဲမွာ အနိမ့္ဆုံးျဖစ္လာမယ့္ Galaxy S11e ရဲ႕ Render ဓါတ္ပုံေတြကို OnLeaks ကေန ေဖာ္ျပလိုက္ပါၿပီ။

အခု Galaxy S11e စမတ္ဖုန္းဟာ မႏွစ္တုန္းက S10e ထက္ သိသိသာသာေျပာင္းလဲသြားၿပီးေတာ့ လုံးဝကို Premium Design ျဖစ္လာတာပါ။ Display ကို Curved Display ေျပာင္းလဲထားၿပီးေတာ့ Selfie Camera ကလည္း Display ရဲ႕ အလယ္တည့္တည့္မွာ Infinity-O Design အေနနဲ႔ ထည့္သြင္းထားတာျဖစ္ပါတယ္။ ဖုန္းရဲ႕ ေဘးေဘာင္ေတြကလည္း သိသိသာသာကို ပါးလႊာေနတာကို ေတြ႕ရပါတယ္။

S11e ရဲ႕ ေနာက္ေက်ာဘက္ Design အရေတာ့ ပုံမွန္ Glass Body ကိုပဲ အသုံးျပဳထားၿပီးေတာ့ Camera အေနနဲ႔ Triple Camera Setup ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒါကလည္း S11 မွာ 5 Camera Setup ပါဝင္လာမွာျဖစ္တဲ့အတြက္ အနည္းငယ္ေလ်ာ့ထားတယ္လို႔ ယူဆရပါတယ္။ အခု S11e မွာပါဝင္လာမယ့္ Camera Sensor ေတြကိုေတာ့ အတိအက်မသိရေသးေပမယ့္ 108MP Primary Sensor ၊ Ultrawide နဲ႔ Telephoto Sensor ေတြျဖစ္လာႏိုင္ပါတယ္။

ေနာက္ထပ္ Design ေျပာင္းလဲမႈေတြအေနနဲ႔ကေတာ့ 3.5mm Audio Port ကို ဖယ္ရွားလိုက္တာျဖစ္ၿပီး Fingerprint Sensor ကို S10e လိုမ်ိဳး Power Button အစား Under Display မွာပဲ ထည့္သြင္းလာမွာျဖစ္ပါတယ္။

Samsung Galaxy S11e ဟာ က်န္တဲ့ S11 Series ဖုန္းေတြလိုမ်ိဳးပဲ Exynos 990 Processor ကို အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ RAM အေနနဲ႔ကေတာ့ 6GB ပဲ ပါဝင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ Storage အေနနဲ႔ 128GB နဲ႔ 256GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။ Battery ပိုင္းအေနနဲ႔လည္း S10e တုန္းက 3100mAh ကေန အခု S11e မွာ 4000mAh အထိပါဝင္လာမွာပါ။

လက္ရွိသိရွိထားရတဲ့သတင္းေတြအရေတာ့ Galaxy S11 Series ဖုန္းေတြကို လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ မတ္လအတြင္းမွာ စတင္ေရာင္းခ်မယ္လို႔ ယူဆရပါတယ္။

Ref – Phone Arena

Unicode

Samsung ရဲ့ နောက်နှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy S11 ဖုန်းရဲ့ Render ဓါတ်ပုံတွေက မကြာသေးခင်တုန်းက ပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း Galaxy S11 Series ဖုန်းတွေထဲမှာ အနိမ့်ဆုံးဖြစ်လာမယ့် Galaxy S11e ရဲ့ Render ဓါတ်ပုံတွေကို OnLeaks ကနေ ဖော်ပြလိုက်ပါပြီ။

အခု Galaxy S11e စမတ်ဖုန်းဟာ မနှစ်တုန်းက S10e ထက် သိသိသာသာပြောင်းလဲသွားပြီးတော့ လုံးဝကို Premium Design ဖြစ်လာတာပါ။ Display ကို Curved Display ပြောင်းလဲထားပြီးတော့ Selfie Camera ကလည်း Display ရဲ့ အလယ်တည့်တည့်မှာ Infinity-O Design အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ ဘေးဘောင်တွေကလည်း သိသိသာသာကို ပါးလွှာနေတာကို တွေ့ရပါတယ်။

S11e ရဲ့ နောက်ကျောဘက် Design အရတော့ ပုံမှန် Glass Body ကိုပဲ အသုံးပြုထားပြီးတော့ Camera အနေနဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကလည်း S11 မှာ 5 Camera Setup ပါဝင်လာမှာဖြစ်တဲ့အတွက် အနည်းငယ်လျော့ထားတယ်လို့ ယူဆရပါတယ်။ အခု S11e မှာပါဝင်လာမယ့် Camera Sensor တွေကိုတော့ အတိအကျမသိရသေးပေမယ့် 108MP Primary Sensor ၊ Ultrawide နဲ့ Telephoto Sensor တွေဖြစ်လာနိုင်ပါတယ်။

နောက်ထပ် Design ပြောင်းလဲမှုတွေအနေနဲ့ကတော့ 3.5mm Audio Port ကို ဖယ်ရှားလိုက်တာဖြစ်ပြီး Fingerprint Sensor ကို S10e လိုမျိုး Power Button အစား Under Display မှာပဲ ထည့်သွင်းလာမှာဖြစ်ပါတယ်။

Samsung Galaxy S11e ဟာ ကျန်တဲ့ S11 Series ဖုန်းတွေလိုမျိုးပဲ Exynos 990 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM အနေနဲ့ကတော့ 6GB ပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Storage အနေနဲ့ 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့လည်း S10e တုန်းက 3100mAh ကနေ အခု S11e မှာ 4000mAh အထိပါဝင်လာမှာပါ။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Galaxy S11 Series ဖုန်းတွေကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ မတ်လအတွင်းမှာ စတင်ရောင်းချမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena