Samsung ရဲ့ Flagship စမတ်ဖုန်းတွေဟာ ယခင်ထဲက Display ပိုင်းမှာ တခြားသောစမတ်ဖုန်းတွေထက် အမြဲတမ်းလိုလိုကို ပိုကောင်းမွန်နေတာဖြစ်ပါတယ်။ ဒါကလည်း Samsung က ကိုယ်ပိုင်အရည်အသွေးမြင့်မားတဲ့ OLED Display တွေကိုပဲ ထုတ်လုပ်အသုံးပြုနိုင်တာကြောင့်ဖြစ်ပါတယ်။

အခုလည်း Samsung ကနေ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S22 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Samsung သတင်းတွေကို အမြဲလိုလို ပြောကြားတတ်တဲ့ Tipster တစ်ဦးဖြစ်တဲ့ IceUniverse ကတော့ S22 Ultra ရဲ့ Display နဲ့ပတ်သက်တဲ့သတင်းတစ်ခုကို ပြောကြားလိုက်ပါတယ်။

ဒါကတော့ Samsung Galaxy S22 Ultra စမတ်ဖုန်းမှာ အသုံးပြုလာမယ့် OLED Display ဟာ လက်ရှိစမတ်ဖုန်းတွေအားလုံးထက် Brightness ပိုင်းမှာ အကောင်းဆုံးဖြစ်လာမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Galaxy S21 Ultra စမတ်ဖုန်းဟာ Maximum Brightness အနေနဲ့ 1500Nits အထိရှိနေပြီးတော့ iPhone 13 Pro Series ဖုန်းတွေဟာ 1200Nits အထိ Brightness ရှိနေတာဖြစ်တာကြောင့် S22 Ultra ဟာ အဆိုပါဖုန်းတွေထက် ပိုကောင်းလာဖွယ်ရှိနေပါတယ်။

ဒါပေမယ့် Samsung Galaxy S22 Ultra ရဲ့ Brightness အတိအကျအပြင် Display Specification တွေကို အတိအကျမသိရသေးတာကြောင့် ဘယ်လောက်ထိပိုကောင်းလာမလဲဆိုတာကိုတော့ ပြောရခက်နေပါသေးတယ်။ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရတော့ Samsung Galaxy S22 Series မှာ အသုံးပြုလာမယ့် OLED Display Panel တွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ Samsung အတွက်ပဲ Exclusive ဖြစ်နေမယ်လို့ သိရပါတယ်။

Ref – GSM Arena