ပြီးခဲ့တဲ့လက နာမည်ကြီး Tipster Ice Universe က Samsung ဟာ Galaxy S24 နဲ့ Galaxy S24+ မှာ ပြားချပ်တဲ့ ဒီဇိုင်း သုံးထားမယ်လို့ ပြောခဲ့ပြီး Leakster OnLeaks ကလည်း အဲဒီအချက်ကို ထောက်ခံခဲ့ပါတယ်။ အခုတော့ Galaxy S24 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

Samsung Galaxy S24's leaked renders reveal flat design

Galaxy S24 ရဲ့ အနောက်ဘက်ဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ LED Flash ကို ပထမနဲ့ ဒုတိယ ကင်မရာကြားမှာ တပ်ဆင်ထားပြီး Galaxy S23 မှာလို ပထမ ကင်မရာ ဘေးမှာ မဟုတ်တော့ပါဘူး။ ခလုတ်တွေ နေရာချထားမှုက တူညီပြီး ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်ခြမ်းမှာ ထည့်ထားပါတယ်။ အောက်ခြေမှာ USB-C Port ၊ SIM Card Slot ၊ မိုက်ကရိုဖုန်းနဲ့ စပီကာ‌တွေ တပ်ထားပါတယ်။

Samsung Galaxy S24's leaked renders reveal flat design

Galaxy S24 မှာ Galaxy S23 မှာလို 6.1” မျက်နှာပြင် ထည့်ထားပြီး အရွယ်အစားက ကွဲပြားပါတယ်။ Galaxy S24 ရဲ့ အရွယ်အစားက  147 x 70.5 x 7.6 mm နဲ့ Galaxy S23 ရဲ့ အရွယ်အစားက 146.3 x 70.9 x 7.6 mm ဖြစ်ပါတယ်။

Samsung Galaxy S24 ကို S24+ , S24 Ultra တို့နဲ့အတူ နောက်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပြီး ပုံမှန်ထက် စောပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် လာမယ့် ရက်သတ္တပတ်တွေအတွင်း Galaxy S24 Series ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရမှာပါ။

Ref : gsmarena