Samsung က Galaxy Tab A7 နဲ့  Galaxy Fit2 ကို ကြေညာလိုက်ပါတယ်။ Galaxy Tab A7 ဟာ တန်ဖိုးနည်း တက်ဘလက် ဖြစ်ပြီး ၁၀.၄ လက်မ TFT 2000x1200p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen-to-body Ratio  က ၈၀ ရာခိုင်နှုန်းရှိတဲ့အတွက် မျက်နှာပြင်ဘေးဘောင်တွေက နည်းနည်း ထူပါတယ်။

တက်ဘလက်မှာ Octa-core CPU ထည့်သွင်းထားပေမယ့် နာမည်ကို မသိရသေးပါဘူး။ 3GB RAM , 32GB or 64GB Storage တွေ ရွေးချယ်နိုင်သလို microSD Card စိုက်နိုင်ပါတယ်။ စပီကာ ၄ လုံးတောင် ပါတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုနဲ့ သီချင်းတွေ ကြည့်ရှုနားဆင်ရင် အရမ်း ကောင်းပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားပြီး အရွယ်ကြီး 7,040mAh ဘက်ထရီ ပါပါတယ်။ USB-C Port နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပြီး ဆက်သွယ်မှု အပိုင်းမှာ Bluetooth 5.0 နဲ့ Wi-Fi 802.11 a/b/g/n/ac တွေ ထောက်ပံ့ထားပါတယ်။ တချို့နိုင်ငံတွေမှာ LTE ဗားရှင်းကို ရောင်းမှာဖြစ်ပြီး ဈေးနှုန်းတွေကို မသိရသေးပါဘူး။

Galaxy Fit2 ဟာ Samsung ရဲ့ ဈေးအရမ်းချိုတဲ့ စမတ်လက်ပတ် ဖြစ်ပြီး Xiaomi Mi Smart Band 5 ကို ယှဉ်ပြိုင်မှာပါ။ Fit2 မှာ ၁.၁ လက်မ AMOLED မျက်နှာပြင်၊ 3D Curved Glass ၊ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ဆန်ဆာနဲ့ 159mAh ဘက်ထရီတွေ ပါပါတယ်။ Black နဲ့ Scarlet အရောင်တွေ ရွေးချယ်နိုင်ပြီး ၁ ခါအားသွင်းထားရင် ၁၅ ရက်ကနေ ၂၁ ရက်အထိ အသုံးခံပါတယ်။ နောက်လ ၂ ရက်နေ့ ဂျာမနီမှာ ၄၆.၇၆  ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၇ သောင်း ၃ ထောင်လောက် ကျသင့်ပါတယ်။

Ref : gsmarena