Zawgyi






Ref – Phone Arena

Unicode

Samsung ကနေ ပြီးခဲ့တဲ့ Galaxy S10 Series တွေနဲ့အတူ Galaxy Watch အသစ်တစ်မျိုးကိုပါ မိတ်ဆက်ပေးခဲ့ပြီးတော့ အဆိုပါ Galaxy Watch ကတော့ ယခင် Gear Series တွေနဲ့ လုံးဝမတူညီတဲ့ Galaxy Watch Active ပဲဖြစ်ပါတယ်။ အဆိုပါ Galaxy Watch Active ဟာဆိုရင် ယခင်က Galaxy Watch လောက်တော့ Feature တွေမစုံလင်ဘူးဆိုပေမယ့် ဈေးပိုသက်သာပြီး ဒီဇိုင်းအရလည်း ပိုလှပတဲ့အတွက် လူကြိုက်များခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Galaxy Watch Active ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy Watch Active 2 ကို စတင်ထုတ်လုပ်နေပြီပဲဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Samsung နဲ့ ပတ်သတ်တဲ့သတင်းတွေကို တင်ပေးနေတဲ့ SamMobile Website ကနေ ဦးဆုံးတင်ထားခဲ့တာဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Samsung Galaxy Watch Active 2 ရဲ့ ဓါတ်ပုံတွေအရ Samsung ကနေ ယခင် Galaxy Watch Active ကနေ ဒီဇိုင်းအနည်းငယ်ပြောင်းလဲလာမယ်လို့ ယူဆရပါတယ်။ ယခင်က လေးထောင့်ပုံစံ Power/Home Button ကလည်း အဝိုင်းပုံစံကိုပြောင်းလဲထားပြီးတော့ Casing ကလည်း Aluminum Design ဖြစ်လာပါတယ်။ ဒါ့အပြင် ဖုန်းပြောနိုင်ဖို့အတွက် Speaker Grill နဲ့ Microphone တွေလည်း ပါဝင်လာပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ Samsung ကနေ Galaxy Watch Active 2 ကို Size ၂ မျိုးနဲ့ ထုတ်လာမှာဖြစ်ပြီးတော့ 40mm နဲ့ 44mm ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဒါ့အပြင် Wi-Fi Version နဲ့ 4G LTE Version ဆိုပြီး ၂ မျိုးဖြစ်လာဦးမှာပါ။ Battery အနေနဲ့လည်း ကွာခြားသွားမှာဖြစ်ပြီး 4G LTE မှာ 340mAh Battery နဲ့ Wi-Fi Version ကတော့ 237mAh Battery ပါဝင်လာမှာပါ။ အခု Galaxy Watch Active 2 က 1.5GB RAM နဲ့အတူ 4GB Storage ပါဝင်လာမှာပါ။

Samsung ကနေ ဒီ Galaxy Watch Active 2 ကို Silver ၊ Black နဲ့ Gold ဆိုပြီး အရောင် ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း ယခင် Galaxy Watch Active ထက် အနည်းငယ်ပိုများလာနိုင်ပါတယ်။ တရားဝင်မိတ်ဆက်လာမယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးဘဲ ဖြစ်နိုင်တာက နောက်လမှာ မိတ်ဆက်လာမယ့် Samsung Galaxy Note 10 ဖုန်းတွေနဲ့အတူ ထွက်ရှိလာနိုင်ပါတယ်။

Ref – Phone Arena