Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်မယ့် Galaxy Unpacked Event မှာ Galaxy Note 20 Series ၊ Galaxy Fold 2 အပြင် Galaxy Z Flip ကိုပါ 5G Version အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Galaxy Z Flip 5G ဖုန်းကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ တွေ့ရှိခဲ့ရပြီး ပါဝင်တဲ့ Specification ကို အတည်ပြုနိုင်ခဲ့ပါတယ်။

အဆိုပါ Geekbench Website မှာ ထွက်ပေါ်လာတဲ့ Benchmark အရတော့ Samsung Galaxy Z Flip စမတ်ဖုန်းမှာ Qualcomm Snapdragon 865 Chipset နဲ့အတူ RAM 8GB ပါဝင်မှာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ Galaxy Z Flip ဖုန်းမှာ Snapdragon 855+ ကိုပဲ အသုံးပြုလာတဲ့အတွက် ဒီ Galaxy Z Flip 5G ဖုန်းက စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာကို ပိုကောင်းလာမှာဖြစ်ပါတယ်။

Samsung Galaxy Z Flip 5G ဖုန်းက Model Number အနေနဲ့ကတော့ SM-F707B လို့ နာမည်ပေးထားပြီးတော့ Geekbench Benchmark အရလည်း Single-Core ပိုင်းမှာ ၉၇၀ မှတ် နဲ့ Multi-Core မှာတော့ ၃,၂၂၀ မှတ်ရရှိထားပါတယ်။ အဆိုပါ Galaxy Z Flip 5G ဖုန်းဟာ Android 10 OS ကိုပဲ အသုံးပြုထားဦးမှာဖြစ်ပေမယ့် OneUI 2.5 Update အသစ်နဲ့ မိတ်ဆက်လာမှာပါ။

Samsung ဟာ အဆိုပါ Galaxy Z Flip 5G ဖုန်းအတွက် သီးသန့် အညိုရောင်အသစ်ကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ Design ပိုင်း၊ Battery ပိုင်းနဲ့ Charging ပိုင်းမှာတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ တူညီတဲ့ 15W Charging ကိုပဲ Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena