Zawgyi






Ref – GSM Arena

Unicode

Samsung ရဲ့ ပြီးခဲ့တဲ့ Galaxy S9 ၊ S9+ နဲ့ Note 9 ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ခဲ့ OneUI Software ဟာ Samsung က ထွက်ရှိခဲ့သမျှ Software တွေထဲမှာ အကောင်းဆုံးဖြစ်လာတယ်လို့တောင် ပြောလို့ရပါတယ်။ User Interface အရ ပိုပြီးအဆေင်ပြေလာသလို Function တွေလည်း စုံလင်တဲ့အတွက် လူကြိုက်များခဲ့တာပါ။

အခုအချိန်မှာတော့ Samsung ကနေ ဒီ OneUI ကို Major Update ထုတ်ပေးဖို့ စတင်စီစဉ်နေပြီဖြစ်ပြီးတော့ အဆိုပါ Software Update အသစ်ကိုလည်း OneUI 2.0 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ဒီ OneUI 2.0 ဟာ Google ရဲ့ နောက်ဆုံးထွက် Android Version ဖြစ်တဲ့ Android Q ရဲ့ အကောင်းဆုံး Feature တွေကို အခြေခံထားမှာပါ။

ဥပမာပြောမယ်ဆိုရင် လက်ရှိ Digital Wellbeing လိုမျိုး Feature တွေက Android Q ရဲ့ Focus Mode ပုံစံဖြစ်သွားမှာဖြစ်ပြီးတော့ လက်ရှိ Digital Wellbeing လို Feature ထက် ပိုတဲ့ Usage Limit တွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် App တွေအတွက် Specific Action Permission Controls တွေ၊ Accent Menu Customization နဲ့ Share Menu အသစ်ပါဝင်လာမယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ Android Q က Google Pixel နဲ့ တချို့သောဖုန်းတွေအတွက် Beta အဆင့်ပဲရှိနေသေးတာဖြစ်ပြီးတော့ Stable Version က လာမယ့် သြဂုတ်လ နောက်ပိုင်းမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ OneUI 2.0 က Update ထွက်လာမယ်ဆိုရင်တောင်မှ လာမယ့်နှစ်ကုန်ပိုင်းမှပဲ မိတ်ဆက်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိသိထားရတဲ့သတင်းတွေအရတော့ နောက်နှစ်မှာ မိတ်ဆက်လာမယ့် Samsung Galaxy S11 ဖုန်းတွေကလည်း OneUI 2.1 နဲ့ ပွဲထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena