Zawgyi
Ref – GSM Arena
Unicode
Samsung ရဲ့ Galaxy A70 စမတ်ဖုန်းမှာ မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း High End Mid Range ဖုန်းတစ်ခုအနေနဲ့ လူကြိုက်များတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ တခြားသော Samsung Mid Range ဖုန်းတွေနဲ့မတူဘဲ Qualcomm ရဲ့ Snapdragon 675 Processor ကို သုံးထားပေးတဲ့အပြင် 4500mAh Battery ၊ 6.7″ Super AMOLED Display တွေလည်းပါတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို မဆိုးဘူးလို့ပြောလို့ရနေပါတယ်။
ဒါပေမယ့် ဒီ Galaxy A70 စမတ်ဖုန်းမှာ အားနည်းချက်တစ်ခုရှိနေပြီးတော့ ဒါက Camera ရဲ့ Low Light Photography ပိုင်းမှာပဲဖြစ်ပါတယ်။ Triple Back Camera စနစ်ကို သုံးထားတယ်ဆိုပေမယ့်လည်း Samsung က Galaxy A70 ဖုန်းမှာ ညဘက်ဓါတ်ပုံရိုက်ကူးဖို့အတွက် သီးသန့် Night Mode Function ကို ထည့်သွင်းပေးခဲ့ခြင်းမရှိပါဘူး။
အခုအချိန်မှာတော့ Samsung Galaxy A70 စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ နောက်ဆုံးထွက် System Update ကို Download ဆွဲပြီးတာနဲ့ Night Mode ကို သုံးလို့ရပါပြီ။ အခုထွက်ရှိလာတဲ့ A705GMDDU3ASG6 Update ဟာ File Size အနေနဲ့ 367MB ဝန်းကျင်ရှိမှာဖြစ်ပြီး Night Mode Feature အပြင် July Security Patch ကိုပါ Update လုပ်ပေးသွားမှာဖြစ်ပါတယ်။
အခု Update ဟာ India နိုင်ငံမှာစတင်ရရှိနေပြီဖြစ်ပြီးတော့ တခြားသောနိုင်ငံတွေမှာလည်း အနှေးနဲ့အမြန်ရရှိလာတော့မှာပါ။ အဆိုပါ Update ဟာ Night Mode နဲ့ Security Patch Update အပြင် Camera Interface မှာပါ Dedicated QR Scanner ကို ထည့်သွင်းပေးထားပြီး တခြားသော Stability Improvement တွေနဲ့ Minor Bug Fix တွေထည့်ပေးထားတယ်လို့ သိရပါတယ်။
Ref – GSM Arena