Samsung က Galaxy S24 နဲ့ S24 Plus ကို ကြေညာလိုက်ပါတယ်။ S24 မှာ 6.2” 2340×1080 FHD+ မျက်နှာပြင်နဲ့ S24 Plus မှာ 6.7” 3120×1440 QHD+ Dynamic AMOLED 2x မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ Peak Brightness က 2600 Nits ဖြစ်ပြီး 1-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Samsung Galaxy S24+ gets QHD+ display and 12GB of RAM, S24 tags along with 7 years of support

ဖုန်း ၂ လုံးစလုံးမှာ စွမ်းရည်မြင့် ကင်မရာတွေ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main (OIS) , 12MP Ultrawide , 10MP Telephoto ကင်မရာနဲ့ အရှေ့ဘက်မှာ 12MP ကင်မရာ ပါလာပါတယ်။

Samsung Galaxy S24+ gets QHD+ display and 12GB of RAM, S24 tags along with 7 years of support

နိုင်ငံအပေါ်မူတည်ကာ Exynos 2400 နဲ့ Snapdragon 8 Gen 3 ထည့်သွင်းထားပြီး AI လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပါတယ်။ S24 မှာ 4,000mAh Battery နဲ့ S24 Plus မှာ 4,900mAh Battery ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Super Fast Charging ထောက်ပံ့ထားပြီး S24 မှာ 25W နဲ့ S24 Plus မှာ 45W ပါလာသလို Fast Wireless Charging 2.0 နဲ့ Wireless PowerShare ထောက်ပံ့ထားပါတယ်။

S24 အတွက် Yellow, Purple, Gray, Black, Green, Sapphire Blue , Orange အရောင်တွေနဲ့ S24 Plus အတွက် Yellow, Purple, Gray, and exclusive Green, Sapphire Blue,  Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။ S24 Plus မှာ Armor Aluminum ကိုယ်ထည် တပ်ဆင်ထားပြီး အရင် မော်ဒယ်တွေထက် ၁၀ ရာခိုင်နှုန်း ပိုမို မာကျောပါတယ်။

ဈေးနှုန်း

  • Samsung Galaxy S24 with 128 GB storage: $799.99
  • Samsung Galaxy S24 with 256 GB storage: $859.99
  • Samsung Galaxy S24 Plus with 128 GB storage: $999.99
  • Samsung Galaxy S24 Plus with 256 GB storage: $1199.99

AI လုပ်ဆောင်ချက်တွေအကြောင်းပြောရရင် Screen ပေါ်က Objiect နဲ့ စာသားတွေကို လျှင်မြန်စွာ ရှာနိုင်ပြီး ကုန်ပစ္စည်းတွေ အကြောင်းကို ရှာဖွေပေးတဲ့ Circle to Search ထည့်သွင်းထားပါတယ်။ Live Translate က အသံနဲ့ စာသားတွေကို အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ Chat Assistant ကလည်း ဘာသာစကားများစွာကို ဘာသာပြန်ပေးနိုင်ပါတယ်။ Samsung Notes မှာ Note Assist ထည့်သွင်းထားပြီး မှတ်စုတွေကို အကျဉ်းချုပ်ပေးတာ၊ Template တွေ ဖန်တီးတာတွေ ပြုလုပ်ပေးပါတယ်။ အသံ Recording တွေကို စာသားအဖြစ် ပြောင်းတာ၊ အကျဉ်းချုပ်ပေးတာနဲ့ ဘာသာပြန်တာတွေ လုပ်ပေးနိုင်တဲ့ Voice Recording Assistant ထည့်သွင်းထားပါတယ်။

Ref : gizmochina