Samsung Electronic ဟာ HoloLens ပါဝင်တဲ့ Augmented/mixed reality project သစ် အတွက် Microsoft နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီလို့ ကိုရီးယားမီဒီယာတွေက ဖော်ပြထားပါတယ်။ HoloLens တွေဟာ Microsoft က ကုမ္ပဏီကြီးတွေနဲ့ ထုတ်လုပ်မှုနယ်ပယ်အသီးသီးအတွက် ရည်ရွယ်ဖန်တီးထားတဲ့ Head-mount mixed reality smart glasses တွေဖြစ်ပါတယ်။

ဒီ Project မှာ Samsung ရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျမသိရပေမဲ့ Hardware ပိုင်းနဲ့ဆက်စပ်မှုရှိတယ်လို့တော့ ခန့်မှန်းရပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးနှစ်ခုရဲ့ ပူးပေါင်းမှုနဲ့အတူ ဆန်းကြယ်တဲ့ HoloLens project ကို ၂၀၂၄ ခုနှစ်ထဲမှာ ထုတ်ဖော်ပြသနိုင်မယ်လို့လည်း သိရပါတယ်။

Microsoft ဟာ ပထမမျိုးဆက် Developer edition mixed-reality HoloLens head-mounted ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာတော့ ပိုပြီးအဆင့်မြင့်လာတဲ့ HoloLens 2 model ကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနှစ်သာရအားဖြင့် HoloLens ဟာ ဝတ်ဆင်သူတွေကို Augmented reality (virtual) အရာဝတ္ထုတွေကိုထည့်သွင်းနိုင်ပြီး အတူရှိနေသလိုမျိုးပဲ 3D space ထဲမှာ အပြန်အလှန် တုံ့ပြန်နိုင်တာ ဖြစ်ပါတယ်။

Samsung ကတော့ ဒီ Project သစ်မှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာ အတိအကျမသိရသေးပေမဲ့ လိုအပ်တဲ့အစိတ်အပိုင်းတွေအတွက် Hardware ပိုင်းဆိုင်ရာမှာ ထောက်ပံ့ပေးရမယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအစောပိုင်းတုန်းက Waveguide technology တီထွင်သူ DigiLens ဟာ Samsung Electro-Mechanics and Samsung Electronics ကနေ ရန်ပုံငွေတွေလက်ခံရရှိခဲ့ကြောင်း BusinessWire က ဖော်ပြခဲ့ပါသေးတယ်။

တူညီတဲ့ Waveguide technology ဟာ Samsung ရဲ့ လက်ရှိပါဝင်ပတ်သက်မှုကြောင့် HoloLens ဖွံ့ဖြိုးတိုးတက်ရေ:မှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ခန့်မှန်းကြပါတယ်။ ဒီ Project ဟာ ၂၀၂၃ ခုနှစ်အထိ လည်ပတ်မယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ပထမဦးဆုံးစီးပွားဖြစ်ထုတ်ကုန်ကတော့၂၀၂၄ ခုနှစ်မတိုင်မီအထိ လူထုကြားထဲထွက်ပေါ်လာဦးမှာ မဟုတ်ပါဘူး။

Ref: SamMobile