Zawgyi

Samsung ကေန အခုအခ်ိန္မွာ အေစာပိုင္းတုန္းက Display ပိုင္းျပႆနာေတြဆက္တိုက္ႀကဳံေတြ႕ခဲ့ရတဲ့ Samsung Galaxy Fold ဖုန္းကို ျပန္လည္ေရာင္းခ်ေနၿပီပဲျဖစ္ပါတယ္။ အသစ္ျပန္ထြက္လာတဲ့ Galaxy Fold စမတ္ဖုန္းမွာ အခုအခ်ိန္အထိေတာ့ ဘာမွျပႆနာမရွိေသးတဲ့အတြက္ အဆင္ေျပသြားၿပီလို႔ေတာင္ ေျပာလို႔ရေနပါတယ္။

ဒါေပမယ့္လည္း Samsung ကေတာ့ Galaxy Fold စမတ္ဖုန္းကို စိတ္ခ်ေသးပုံမေပၚဘဲ Galaxy Fold ဖုန္းကို ဘယ္လိုမ်ိဳး ကိုင္တြယ္ရမလဲဆိုတဲ့ Video တစ္ခုကို တင္ထားခဲ့ပါတယ္။

အခု Video အရေတာ့ Galaxy Fold ဟာ Watch Mechanics ေတြရဲ႕ တိက်မႈကို အတုယူၿပီး ျပဳလုပ္ထားတဲ့အတြက္ ေရနဲ႔ဖုန္မႈန္႔ေတြကို မဝင္ေရာက္ေအာင္ ဂ႐ုစိုက္ဖို႔လိုအပ္တယ္ဆိုၿပီး ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ အခုလိုမ်ိဳး ေခါက္ခ်ိဳးႏိုင္ဖို႔အတြက္ကလည္း Galaxy Fold ကို Magnet ေတြနဲ႔ ျပဳလုပ္ထားတဲ့အတြက္ေၾကာင့္ ေသာ့ေတြ၊ အေႂကြေစ့ေတြနားမွာ ထားတာကို မလုပ္သင့္ေၾကာင္းနဲ႔ Debit Card ၊ Credit Card ေတြနားမွာလည္း မထားဖို႔ကို ေျပာၾကားခဲ့ပါတယ္။ Samsung က ဘယ္ေလာက္ထိေတာင္ သတိေပးထားသလဲဆိုရင္ ကိုယ္တြင္းမွာ Medical Device တစ္ခုခုတပ္ထားရင္ေတာင္မွ ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ဖို႔ကို ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ Samsung Galaxy Fold ကေတာ့ လက္ရွိမွာ Foldable Phone သုံးခ်င္တဲ့သူေတြအတြက္ကေတာ့ ေ႐ြးခ်ယ္စရာျဖစ္ေနပါၿပီ။

Ref – Engadget

Unicode

Samsung ကနေ အခုအချိန်မှာ အစောပိုင်းတုန်းက Display ပိုင်းပြဿနာတွေဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ Samsung Galaxy Fold ဖုန်းကို ပြန်လည်ရောင်းချနေပြီပဲဖြစ်ပါတယ်။ အသစ်ပြန်ထွက်လာတဲ့ Galaxy Fold စမတ်ဖုန်းမှာ အခုအချိန်အထိတော့ ဘာမှပြဿနာမရှိသေးတဲ့အတွက် အဆင်ပြေသွားပြီလို့တောင် ပြောလို့ရနေပါတယ်။

ဒါပေမယ့်လည်း Samsung ကတော့ Galaxy Fold စမတ်ဖုန်းကို စိတ်ချသေးပုံမပေါ်ဘဲ အခုလည်း Galaxy Fold ဖုန်းကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတဲ့ Video တစ်ခုကို တင်ထားခဲ့ပါတယ်။

အခု Video အရတော့ Galaxy Fold ဟာ Watch Mechanics တွေရဲ့ တိကျမှုကို အတုယူပြီး ပြုလုပ်ထားတဲ့အတွက် ရေနဲ့ဖုန်မှုန့်တွေကို မဝင်ရောက်အောင် ဂရုစိုက်ဖို့လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ အခုလိုမျိုး ခေါက်ချိုးနိုင်ဖို့အတွက်ကလည်း Galaxy Fold ကို Magnet တွေနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် သော့တွေ၊ အကြွေစေ့တွေနားမှာ ထားတာကို မလုပ်သင့်ကြောင်းနဲ့ Debit Card ၊ Credit Card တွေနားမှာလည်း မထားဖို့ကို ပြောကြားခဲ့ပါတယ်။ Samsung က ဘယ်လောက်ထိတောင် သတိပေးထားသလဲဆိုရင် ကိုယ်တွင်းမှာ Medical Device တစ်ခုခုတပ်ထားရင်တောင်မှ ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ကို ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Fold ကတော့ လက်ရှိမှာ Foldable Phone တစ်ခုကို သုံးချင်တဲ့သူတွေအတွက်ကတော့ ရွေးချယ်စရာဖြစ်နေပါပြီ။

Ref – Engadget