အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Display Resolution ထက် Refresh Rate ပိုင်းကို ပိုပြီးအားစိုက်လာကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Mid Range ဖုန်းတွေမှာတင် 90Hz သို့မဟုတ် 120Hz ပါဝင်တဲ့ LCD Display တွေကို အသုံးပြုနေကြပြီလည်းဖြစ်ပါတယ်။

မနှစ်တုန်းက Samsung ကနေ Mid Range ဖုန်းတွေအတွက် 90Hz OLED Display တွေကို စတင်မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာ အဆိုပါ 90Hz OLED Display Panel တွေဟာ 120Hz LCD Display Panel နီးပါး စွမ်းဆောင်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း High-Speed Motion ကို Optimized ပြုလုပ်ထားနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ SGS Global Certification ကုမ္ပဏီရဲ့ ဖော်ပြချက်အရ Samsung ရဲ့ 90Hz OLED နဲ့ 120Hz OLED Display တွေရဲ့ Image Drag ကွာခြားချက်ဟာ 0.9mm နဲ့ 0.7mm ပဲရှိပြီး Response Time ကလည်း 14ms နဲ့ 11ms အသီးသီးရှိနေတယ်လို့ သိရပါတယ်။ ဒါက Samsung ရဲ့ 90Hz OLED Display ဟာ 90Hz LCD Display ထက် ၅ ပုံ ၁ ပုံပိုမြန်ဆန်ပြီး 120Hz LCD နဲ့ဆင်တူနေတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ Samsung ရဲ့ 120Hz OLED Display ဟာလည်း 120Hz LCD Display ထက် ၃ ပုံ ၁ ပုံ ပိုပြီးမြန်ဆန်နေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Samsung ကနေ စွမ်းဆောင်ရည်ပိုင်းတော်တော်လေးကို ကောင်းမွန်တဲ့ 90Hz OLED Display ထုတ်လုပ်နိုင်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ Mid Range ဖုန်းတွေထဲမှာပါ LCD Display အပြင် OLED Display ကို High Refresh Rate Support ပေးနိုင်တဲ့ဖုန်းတွေထွက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China