Zawgyi

အခုအခ်ိန္မွာ စမတ္ဖုန္းေတြရဲ႕ အနာဂတ္တစ္ခုျဖစ္လာႏိုင္တဲ့ Foldable Phone ေတြက အခက္အခဲတစ္ခုကို ၾကံဳေတြ႕ေနရတယ္ဆုိရင္လည္း မမွားပါဘူး။ လက္ရွိအခ်ိန္မွာ Samsung နဲ႔ Huawei ကေန ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲက Mobile World Congress (MWC) 2019 မွာ Samsung Galaxy Fold နဲ႔ Huawei Mate X ဆုိျပီး ကိုယ္ပိုင္ Foldable Phone ေတြကို မိတ္ဆက္ထားခဲ့ေပမယ့္ အခုအခ်ိန္အထိ မေရာင္းခ်ႏုိင္ေသးဘဲ ေရာင္းမယ့္အခ်ိန္ကို ေရြ႕ဆုိင္းေနရတာျဖစ္ပါတယ္။

Huawei အေနနဲ႔ကေတာ့ မေရာင္းခ်ခ်င္ထဲက ျပီးခဲ့တဲ့ ဇြန္လမွာ ေရာင္းခ်ဖုိ႔စီစဥ္ထားတာကေန စက္တင္ဘာလကို ေရြ႕ဆုိင္းခဲ့တာျဖစ္ေပမယ့္ Samsung ကေတာ့ ေရာင္းခ်ဖို႔ Pre-order ေကာက္ယူျပီးမွ Display မွာ Error ေတြတက္လာတဲ့အတြက္ေၾကာင့္ အခ်ိန္အကန္႔အသတ္မရွိေရြ႕ဆုိင္းခဲ့တာျဖစ္ပါတယ္။

ေလာေလာဆယ္အထိ Samsung ကေန Galaxy Fold ကို ျပန္လည္ေရာင္းခ်သြားမယ့္အခ်ိန္ကိုထုတ္ျပန္ေၾကညာျခင္းမရွိေသးေပမယ့္ ၾကည့္ရတာေတာ့ ေနာက္ထပ္ Foldable Phone အသစ္တစ္ခုကိုပါ မိတ္ဆက္လာဖုိ႔ရွိေနပံုပါပဲ။ ဒီသတင္းက အခုအခ်ိန္မွာ အေတာ္မ်ားမ်ားမွာ ေပါက္ၾကားေနျပီးေတာ့ Huawei Mate X မေရာင္းခ်ခင္မွာတင္ မိတ္ဆက္လာဖုိ႔ရွိေနတယ္လုိ႔ သိရပါတယ္။

ေနာက္ထပ္ ထူးဆန္းတာတစ္ခုက အဆုိပါ Samsung ရဲ႕ Foldable Phone အသစ္က Huawei Mate X လုိမ်ိဳး ပံုစံနဲ႔ပဲ ထြက္ရွိလာမယ္လုိ႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ ဒါက ျပီးခဲ့တဲ့ Galaxy Fold တုန္းကလုိမ်ိဳး Display ၂ ခုက အတြင္းကုိေခါက္မွာမဟုတ္ဘဲနဲ႔ အျပင္ဘက္ကို ေခါက္သြားမွာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ယခင္က Display ကို အတြင္းဘက္ကို ေခါက္တာက ပိုစိတ္ခ်ရတယ္ဆိုျပီး Galaxy Fold ကို ေၾကာ္ျငာေနတဲ့ Samsung ဘယ္လုိ စိတ္ကူးေျပာင္းသြားသလဲဆုိတာက စိတ္ဝင္စားဖုိ႔ေကာင္းေနျပန္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Fans ေတြအေနနဲ႔လည္း Samsung Galaxy Fold ထက္ Huawei Mate X ကို စိတ္ဝင္စားမႈပိုမ်ားေနျပီးေတာ့ Display ၂ ခုမဟုတ္ဘဲ တစ္ခုထဲကိုပဲ ဖုန္းအေနနဲ႔ေရာ၊ Tablet အေနနဲ႔ပါ အသံုးျပဳႏုိင္တာက ပိုေကာင္းတယ္ဆိုျပီး ေဝဖန္ခံေနရတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Samsung အေနနဲ႔ လက္ရွိျဖစ္ေနတဲ့ Galaxy Fold ျပႆနာကို ေက်ာ္လႊားျပီး စက္တင္ဘာလမတုိင္ခင္မွာ ေနာက္ထပ္ Foldable Phone ကို တကယ္မိတ္ဆက္မယ္ဆုိတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Gizmo China

Unicode

အခုအချိန်မှာ စမတ်ဖုန်းတွေရဲ့ အနာဂတ်တစ်ခုဖြစ်လာနိုင်တဲ့ Foldable Phone တွေက အခက်အခဲတစ်ခုကို ကြုံတွေ့နေရတယ်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာ Samsung နဲ့ Huawei ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက Mobile World Congress (MWC) 2019 မှာ Samsung Galaxy Fold နဲ့ Huawei Mate X ဆိုပြီး ကိုယ်ပိုင် Foldable Phone တွေကို မိတ်ဆက်ထားခဲ့ပေမယ့် အခုအချိန်အထိ မရောင်းချနိုင်သေးဘဲ ရောင်းမယ့်အချိန်ကို ရွေ့ဆိုင်းနေရတာဖြစ်ပါတယ်။

Huawei အနေနဲ့ကတော့ မရောင်းချချင်ထဲက ပြီးခဲ့တဲ့ ဇွန်လမှာ ရောင်းချဖို့စီစဉ်ထားတာကနေ စက်တင်ဘာလကို ရွေ့ဆိုင်းခဲ့တာဖြစ်ပေမယ့် Samsung ကတော့ ရောင်းချဖို့ Pre-order ကောက်ယူပြီးမှ Display မှာ Error တွေတက်လာတဲ့အတွက်ကြောင့် အချိန်အကန့်အသတ်မရှိရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

လောလောဆယ်အထိ Samsung ကနေ Galaxy Fold ကို ပြန်လည်ရောင်းချသွားမယ့်အချိန်ကိုထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့် ကြည့်ရတာတော့ နောက်ထပ် Foldable Phone အသစ်တစ်ခုကိုပါ မိတ်ဆက်လာဖို့ရှိနေပုံပါပဲ။ ဒီသတင်းက အခုအချိန်မှာ အတော်များများမှာ ပေါက်ကြားနေပြီးတော့ Huawei Mate X မရောင်းချခင်မှာတင် မိတ်ဆက်လာဖို့ရှိနေတယ်လို့ သိရပါတယ်။

နောက်ထပ် ထူးဆန်းတာတစ်ခုက အဆိုပါ Samsung ရဲ့ Foldable Phone အသစ်က Huawei Mate X လိုမျိုး ပုံစံနဲ့ပဲ ထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ Galaxy Fold တုန်းကလိုမျိုး Display ၂ ခုက အတွင်းကိုခေါက်မှာမဟုတ်ဘဲနဲ့ အပြင်ဘက်ကို ခေါက်သွားမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယခင်က Display ကို အတွင်းဘက်ကို ခေါက်တာက ပိုစိတ်ချရတယ်ဆိုပြီး Galaxy Fold ကို ကြော်ငြာနေတဲ့ Samsung ဘယ်လို စိတ်ကူးပြောင်းသွားသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

လောလောဆယ်မှာတော့ Fans တွေအနေနဲ့လည်း Samsung Galaxy Fold ထက် Huawei Mate X ကို စိတ်ဝင်စားမှုပိုများနေပြီးတော့ Display ၂ ခုမဟုတ်ဘဲ တစ်ခုထဲကိုပဲ ဖုန်းအနေနဲ့ရော၊ Tablet အနေနဲ့ပါ အသုံးပြုနိုင်တာက ပိုကောင်းတယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Samsung အနေနဲ့ လက်ရှိဖြစ်နေတဲ့ Galaxy Fold ပြဿနာကို ကျော်လွှားပြီး စက်တင်ဘာလမတိုင်ခင်မှာ နောက်ထပ် Foldable Phone ကို တကယ်မိတ်ဆက်မယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China