Samsung ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေဆိုရင် Default ပါဝင်တဲ့ Samsung Internet Browser ကိုပဲ အသုံးပြုနေကြတဲ့သူတွေရှိမှာပါ။ ဒါပေမယ့် Samsung ကနေ PC အတွက် Web Browser ထုတ်ပေးထားခြင်းမရှိတဲ့အတွက် တခြား Google Chrome လိုမျိုး Web Browser တွေကိုပဲ PC အတွက် အသုံးပြုနေရတာဖြစ်ပါတယ်။

ဒါကြောင့် Samsung ကနေ အခုလိုမျိုး Google Chrome ရော Samsung Internet Browser ကိုပါ အသုံးပြုနေတဲ့သူတွေအတွက် ပိုမိုလွယ်ကူစေမယ့် Feature တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။ ဒါကတော့ Samsung Internet Browser မှာ Google Chrome မှာမှတ်ထားတဲ့ Bookmark တွေကို Sync ပြုလုပ်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

အစောပိုင်းတုန်းက အဆိုပါ Feature ဟာ Beta Channel အသုံးပြုသူတွေအတွက်ပဲ ရရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လူတိုင်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခုလို Bookmark Sync ကို အသုံးပြုနိုင်ဖို့အတွက် Samsung Internet Chrome Extension ကို အရင်ဆုံး Download ပြုလုပ်ရမှာဖြစ်ပြီး Samsung Account နဲ့ Log-in ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးတော့မှ Chrome Bookmark Option ထဲဝင်ရောက်ပြီး Import ပြုလုပ်ရမှာဖြစ်ပါတယ်။

အခုလိုမျိုး Bookmark Sync ပြုလုပ်ဖို့အတွက် Samsung Browser ကို နောက်ဆုံးထွက် Version 19 ကို Update ပြုလုပ်ထားဖို့လိုအပ်ပြီး Settings ထဲမှာ Sync with Samsung Cloud Option ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်။

Ref – GSM Arena