တခြား နာမည်ကြီး ဗီဒီယို ဂိမ်း ကုမ္ပဏီတွေလိုပဲ Sega ဟာ အနာဂတ် ဂိမ်းတွေမှာ NFT တွေ ထည့်သွင်းဖို့ စိတ်ဝင်စားနေတယ်လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။ Sega က Super Game စီမံကိန်းအကြောင်းကို အဓိက ပြောကြားခဲ့ပြီး အဲဒါဟာ ဂိမ်း ၁ ခုထက်ပိုကာ တချို့မှာ Streaming နဲ့ Cloud Gaming တွေ ပါဝင်မယ်လို့ ပြောပါတယ်။

Sega's "Super Game" plans include multiple games and possibly NFTs as well  - Gaming News

Sega ရဲ့ ဒုတိယ ဥက္ကဌ Shuji Utsumi က အနာဂတ် ထုတ်မယ့် ဂိမ်းတွေကို Super Game စီမံကိန်းအောက်ကနေ ဖန်တီးမှာ ဖြစ်ပြီး စီမံကိန်း ကာလကို ၅ နှစ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ သူက Streaming တွေ ခေတ်စားလာတာကို ထောက်ပြခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း Twitch မှာ ဂိမ်းကစားတာကို ကြည့်ရှုမှုနှုန်းဟာ အရမ်းများပြားလာတာ သက်သေ ၁ ခု ဖြစ်တယ်လို့ ပြောပါတယ်။

SEGA sees future in NFT and cloud computing in gaming - GAMINGDEPUTY

Super Game မှာ NFT တွေ ပါဝင်လာနိုင်တယ်လို့ Sega ရဲ့ ထုတ်လုပ်သူ Masayoshi Kikuchi က အင်တာဗျူးရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပြောပြခဲ့ပါတယ်။ သူက “ ဂိမ်းတွေမှာ ယဉ်ကျေးမှုနဲ့ နည်းပညာ မျိုးစုံ ဆက်နွယ်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဥပမာပြောရရင် လူမှုကွန်ရက်မှာ ဂိမ်း ကစားတာကို ကြည့်ရှုမှုနှုန်းဟာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူက “ ဒါဟာ အနာဂတ် ဂိမ်း လောကရဲ့ သဘာဝ ဖြစ်ပြီး Cloud Gaming နဲ့ NFT တွေလို ဧရိယာ အသစ်တွေ ပါဝင်တိုးချဲ့လာမှာ ဖြစ်ပါတယ်။ မတူညီတဲ့ ဂိမ်းတွေဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတဲ့ ပုံစံအတိုင်း Super Game ကို ဖန်တီးနေပါတယ်။ “ လို့ ရှင်းပြပါတယ်။

Ref : kotaku