Sharp ကနေ မကြာခင်အချိန်အတွင်းမှာ စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်ပြသွားဖို့ရှိနေပြီးတော့ အခုအချိန်မှာတော့ အဆိုပါ စမတ်ဖုန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ TENAA နဲ့ ထိုင်ဝမ် NCC တို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားပြီဖြစ်တဲ့အတွက် မကြာခင်မှာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

အခု Sharp စမတ်ဖုန်းအသစ်ရဲ့ နာမည်ကိုတော့ Aquos S3 လို့ပေးထားပြီးတော့ ဖုန်းဒီဇိုင်းက Apple iPhone X နဲ့ တူညီနေတာကိုလည်း တွေ့ရှိရပါတယ်။ အထူးသဖြင့် Screen အရှေ့ဘက်မှာ ရှိတဲ့ Notch Bar ပဲဖြစ်ပြီး နောက်ကျောဘက်မှာရှိတဲ့ Dual Camera ကိုလည်း iPhone X အတိုင်းပဲ ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

Specifications တွေအရတော့ အခု Sharp Aquos S3 စမတ်ဖုန်းဟာ 5.99″ 18:9 FullHD+ Resolution Display ၊ 12MP + 13MP Dual Camera နဲ့ 16MP Front Selfie Camera ပါဝင်မှာဖြစ်ပြီးတော့ Battery အနေနဲ့ 3100mAh Battery ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Processor အနေနဲ့တော့ Qualcomm Snapdragon 630 Processor ကိုအသုံးပြုလာမှာဖြစ်ပြီး RAM အနေနဲ့ 4GB နဲ့ 6GB Version ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။