စမတ်ဖုန်းတွေက လူတွေရဲ့ နေ့စဉ်ဘ၀မှာ အရေးပါတဲ့ ပစ္စည်းဖြစ်နေပါပြီ။ စမတ်ဖုန်းနဲ့ နာရီ Alarm ပေးတာကအစ၊ ဆက်သွယ်မှုနဲ့ ငွေပေးချေမှုအဆုံး အသုံးချလို့ရနေပါပြီ။

သင့်စမတ်ဖုန်းရဲ့ စွမ်းဆောင်မှုကို ပိုပြီး တိုးမြင့်ပေးမယ့် Smartphone Gadgets များကို ဝေမျှချင်ပါတယ်။

စမတ်ဖုန်း ပိုးသတ်တဲ့ စက်

လူတိုင်းက စမတ်ဖုန်းကို နေရာတိုင်း သယ်ဆောင်သွားတာကြောင့် စမတ်ဖုန်းမှာ ရောဂါပိုးမွှားအထူဆုံး ပစ္စည်းဖြစ်နေပါပြီ။

အဲ့ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ပိုးသတ်တဲ့စက်ကလေးရှိနေပြီနော်။

အသားအရေ စိုထိုင်းဆကို တိုင်းတာတဲ့စက်

ကိုယ့်အသားအရေ ရဲ့စိုထိုင်းဆ ကို တိုင်းတာနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ ဘယ်လို Skin Moisture ကို အသုံးပြုရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ စမတ်ဖုန်းမှာ အသားအရေရဲ့ စိုထိုင်းဆ တိုင်းတာတဲ့စက်ကလးကေို တပ်ဆင်ထားရင် အလွယ်တကူ သိနိုင်မှာပါ။

အရက်သောက်ထားသလား မသောက်ထားသလား တိုင်းတာနိုင်တဲ့ စက် (Alcohol Checker)

ယာဉ်ထိန်းရဲတွေတောင်မက မကြာခဏ သောက်တတ်တဲ့သူတွေအတွက် အသုံးဝင်မယ့် Gadget လေးပါ။ ဖုန်းမှာ တပ်ဆင်လိုက်ပြီး တိုင်းတာလို့ ရပါတယ်။

Tool Case စမတ်ဖုန်း ကာဗာ

ကိုယ်က အမြဲတမ်း Tool Case လိုနေတဲ့သူဆိုရင် ကိုယ့်စမတ်ဖုန်း ကာဗာအဖြစ် အလွယ်တကူ တပ်ဆင်ထားလို့ရပါတယ်။ ဒီကာဗာတပ်ထားရင်တော့ အရေးတကြီး လိုအပ်လာရင် သုံးလို့ရမှာပါ။

အဖျားတိုင်းတာတဲ့ Gadget

ဘာကြောင့် ပြဒါးတိုင်ကြီးကို ဆက်သုံးနေဦးမှာလဲ။ ကွဲလွယ်ရှလွယ်ပါတယ်။ ဒီ Gadget လေး ၀ယ်ထားလိုက်ရင် အဖျားဘယ်လောက်ရှိနေလဲဆိုတာ အလွယ်တကူ စမတ်ဖုန်းနဲ့ဆက်သွယ်ပြီး သုံးလို့ရနေပါပြီ။