Sony ကနေ ထုတ်လုပ်နေတဲ့ Xperia စမတ်ဖုန်းတွေက လောလောဆယ်မှာ စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ Flagship ဖုန်းဖြစ်တဲ့ Xperia XZ Series ဖုန်းတွေကို ထုတ်လုပ်နေတာ အခုဆိုရင် အချိန်တစ်ခုရှိသွားပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း Sony ကနေ နောက်ထပ် Flagship Xperia ဖုန်းတစ်ခုဖြစ်တဲ့ Xpera XZ3 စမတ်ဖုန်းကို ထုတ်လုပ်လာဖို့ ရှိနေပါတယ်။

အခု Sony Xperia XZ3 ဖုန်းဟာ လက်ရှိအချိန်မှာတော့ Leak တွေထွက်လာပြီဖြစ်ပြီး အခုထွက်ရှိလာတဲ့ Leak ကလည်း နာမည်ကြီး Website တစ်ခုဖြစ်တဲ့ MySmartPrice ကနေ Leak ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခု Sony Xperia XZ3 ဖုန်းဟာ Silver Color ဖြစ်ပြီးတော့ တကယ်ထွက်ရှိလာတဲ့အချိန်မှာ အခြားသောအရောင်တွေကိုလည်း တွေ့မြင်လာရမယ်လို့ ယူဆရပါတယ်။

အခု Sony Xperia XZ3 စမတ်ဖုန်းကို ယခင်တုန်းက Dual Camera စနစ်ကို အသုံးပြုလာမယ်လို့ ယူဆထားကြပေမယ့် အခု Leak ဖြစ်လာတဲ့ ဓါတ်ပုံအရတော့ Sony ဟာ Single Camera ကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Sony ကနေ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ 48 Megapixel Image Sensor ကို အသုံးပြုလာမှာသေချာသလောက်ဖြစ်နေပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Dual Camera ဖုန်းကိုမှ လိုချင်တယ်ဆိုရင် Sony Xperia XZ3 Premium ဖုန်းကို စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

အခု Sony Xperia XZ3 ဖုန်းက Hybrid Autofocus Sensor အမျိုးအစားဖြစ်ပြီးတော့ Laser Focus နဲ့ Phase-Detection Autofocus တွေကို ပေါင်းစပ်ပြီး အသုံးပြုထားတဲ့အတွက် Camera ပိုင်းမှာလည်း သိသိသာသာသာ ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Specification ပိုင်းအနေနဲ့ကတော့ Sony Xperia XZ3 စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ Storage 128GB ပါဝင်မှာဖြစ်ပြီး 5.7″ Full HD+ Display ကို အသုံးပြုထားမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာ ခေတ်စားနေတဲ့ Notch လည်း ပါဝင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် စွမ်းဆောင်ရည်မြင့်ဖုန်းတစ်ခုဖြစ်လာမှာကတော့ ကျိန်းသေနေပါတယ်။