Zawgyi
၂၀၁၈ ကုန္ခါနီးတာနဲ႔ ႏွစ္သစ္ကူး အားလပ္ရက္ ပြဲေတာ္ေတြမွာ ေရာင္းအားျမွင့္တင္ဖို႔ ရည္ရြယ္ျပီး စမတ္ဖုန္း ကုမၸဏီ ေတာ္ေတာ္မ်ားမ်ား ဖုန္းအသစ္ေတြမိတ္ဆက္လာၾကပါတယ္။ OnePlus လို ကုမၸဏီ ေတြကလည္း ထြက္ရွိျပီးသား ဖုန္းေတြကို ဒီဇိုင္းပိုင္းျပန္လည္ဆန္းသစ္ျပီး Limited Edition ေတြအတြက္ တစ္ဖန္ျပန္လည္ ပြဲထုတ္ေနၾကပါျပီ။ တစ္ခ်ိဳ႕ကလည္း ၂၀၁၉ ရဲ႕ High-End စမတ္ဖုန္းေစ်းကြက္ကို မင္းမူဖို႔အတြက္ အခု ကတည္းက ၾကိဳးစားေနၾကပါျပီ။ ၂၀၁၉ ခုႏွစ္ရဲ႕ Flagship ေတာ္ေတာ္မ်ားမ်ားမွာ၂၀၁၉ ရဲ႕ Flagship Mobile Processor ျဖစ္တဲ့ Snapdragon 855 ကို ထည့္သြင္းအသံုးျပဳမွာျဖစ္ပါတယ္။
Snapdragon 855 ကို အသံုးျပဳမယ့္ ဖုန္းေတြထဲမွာ Sony ရဲ႕ Xperia XZ4 လည္း အပါအဝင္ျဖစ္ပါတယ္။ Xperia XZ4 ရဲ႕ သတင္းအခ်က္အလက္ေတြကေတာ့ အင္တာနက္ေပၚမွာ ပ်ံ႔ႏွံ႔ေနခဲ့တာၾကာျပီျဖစ္ျပီး Xperia XZ2 က စလို႔ Sony ဖုန္းေတြအေပၚ လူေတြ စိတ္ဝင္စားမွု ျပန္လည္ ျမင့္တက္လာတာေတြ႔ရပါတယ္။ မၾကာေသးခင္က ထြက္ေပၚလာတဲ့ Leaked Image တစ္ခုအရေတာ့ Sony ရဲ႕ ၂၀၁၉ မွာ မိတ္ဆက္မယ့္ Xperia XZ4 မွာ 21:9 အခ်ိဳးရွိတဲ့ အေတာ္ေလးကို ရွည္လ်ားလွတဲ့ မ်က္ႏွာျပင္ပါဝင္လာမယ္လို႔ သိရပါတယ္။
ပံုမွာ ျမင္ရတဲ့အတိုင္းပဲ XZ4 ရဲ႕ မ်က္ႏွာျပင္ဟာ Galaxy Note 9 နဲ႔ ဆင္တူျပီး Galaxy Note 9 မ်က္ႏွာျပင္ထက္ အေတာ္ေလး ရွည္ေနတာကို ေတြ႔ႏိုင္ပါတယ္။ အေပၚေအာက္ အေတာ္ေလးကို ပါးလွပ္တဲ့ ေဘာင္ေလးေတြကို ေတြ႔ျမင္ရပါတယ္။ အဆိုပါ XZ4 ရဲ႕ ဒီဇိုင္းပံုဟာ တစ္ကယ့္ ဖုန္းကို ဓာတ္ပံုရိုက္ကူးထားတဲ့ ပံုမဟုတ္ပဲ ကြန္ျပဴတာ အသံုးျပဳျပီး ေရးဆြဲထားတဲ့ ပံုတစ္ပံုသာျဖစ္ပါတယ္။ Xperia XZ4 ဟာ အဆိုပါ ဒီဇိုင္းအတိုင္း ထြက္ေပၚလာမယ္လို႔ တစ္ထစ္ခ် ေျပာလို႔မရေပမယ့္ အဆိုပါ ပံု ထြက္ေပၚလာတဲ့ Source ဟာ သတင္းေတြ မွန္ကန္ေလ့ရွိတဲ့ အတြက္ Xperia XZ4 မွာ 21:9 အခ်ိဳးအစား ရွိ မ်က္ႏွာျပင္ ပါဝင္လာမယ္ဆိုတာကေတာ့ အတိုင္းအတာ တစ္ခုထိ မွန္ကန္ေနႏိုင္ပါတယ္။
21:9 အခ်ိဳးအစား မ်က္ႏွာျပင္ဟာ Facebook, Instagram လို Social App ေတြနဲ႔ Web Site ေတြ ၾကည့္တဲ့ ေနရာမွာ အရမ္းဆင္ေျပေပမယ့္ ရုပ္ရွင္ၾကည့္တဲ့ေနရာမွာေတာ့ အခ်ိဳးအစား ကိုက္ညီမွု မရွိတာေၾကာင့္ Screen အျပည့္ မျမင္ႏိုင္လို႔ အရမ္းၾကီးေတာ့ အသံုးဝင္မွာ မဟုတ္ပါဘူး။ တစ္ကယ္လို႔သာ Xperia XZ4 မွာ 21:9 အခ်ိဳးအစား မ်က္ႏွာျပင္ အသံုးျပဳခဲ့ရင္ အရွည္လ်ားဆံုး မ်က္ႏွာျပင္ ပါဝင္တဲ့ ဖုန္းအလံုးအျဖစ္ မွတ္တမ္းဝင္သြားႏိုင္ပါတယ္။ XZ4 နဲ႔ ပက္သက္တဲ့ တစ္ျခား အခ်က္အလက္ေတြကေတာ့ အေပၚမွာေျပာသြားတဲ့ အတိုင္းပဲ Snapdragon 855 Processor အသံုးျပဳထားျပီး ေနာက္ေက်ာဘက္မွာ ကင္မရာ သံုးလံုးတြဲ ပါလာမွာပါ။ Display အမ်ိဳးအစားကေတာ့ P-OLED Display ကို အသံုးျပဳထားမွာျဖစ္ျပီး Sony ထံုးစံအတိုင္း Music နဲ႔ Entertainment ဦးစားေပး ဖုန္းတစ္လံုးျဖစ္လာမွာပါ။
Ref: Android Headlines
Unicode
၂၀၁၈ ကုန်ခါနီးတာနဲ့ နှစ်သစ်ကူး အားလပ်ရက် ပွဲတော်တွေမှာ ရောင်းအားမြှင့်တင်ဖို့ ရည်ရွယ်ပြီး စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများ ဖုန်းအသစ်တွေမိတ်ဆက်လာကြပါတယ်။ OnePlus လို ကုမ္ပဏီ တွေကလည်း ထွက်ရှိပြီးသား ဖုန်းတွေကို ဒီဇိုင်းပိုင်းပြန်လည်ဆန်းသစ်ပြီး Limited Edition တွေအတွက် တစ်ဖန်ပြန်လည် ပွဲထုတ်နေကြပါပြီ။ တစ်ချို့ကလည်း ၂၀၁၉ ရဲ့ High-End စမတ်ဖုန်းဈေးကွက်ကို မင်းမူဖို့အတွက် အခု ကတည်းက ကြိုးစားနေကြပါပြီ။ ၂၀၁၉ ခုနှစ်ရဲ့ Flagship တော်တော်များများမှာ၂၀၁၉ ရဲ့ Flagship Mobile Processor ဖြစ်တဲ့ Snapdragon 855 ကို ထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်။ Snapdragon 855 ကို အသုံးပြုမယ့် ဖုန်းတွေထဲမှာ Sony ရဲ့ Xperia XZ4 လည်း အပါအဝင်ဖြစ်ပါတယ်။ Xperia XZ4 ရဲ့ သတင်းအချက်အလက်တွေကတော့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာကြာပြီဖြစ်ပြီး Xperia XZ2 က စလို့ Sony ဖုန်းတွေအပေါ် လူတွေ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာတာတွေ့ရပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ Leaked Image တစ်ခုအရတော့ Sony ရဲ့ ၂၀၁၉ မှာ မိတ်ဆက်မယ့် Xperia XZ4 မှာ 21:9 အချိုးရှိတဲ့ အတော်လေးကို ရှည်လျားလှတဲ့ မျက်နှာပြင်ပါဝင်လာမယ်လို့ သိရပါတယ်။
ပုံမှာ မြင်ရတဲ့အတိုင်းပဲ XZ4 ရဲ့ မျက်နှာပြင်ဟာ Galaxy Note 9 နဲ့ ဆင်တူပြီး Galaxy Note 9 မျက်နှာပြင်ထက် အတော်လေး ရှည်နေတာကို တွေ့နိုင်ပါတယ်။ အပေါ်အောက် အတော်လေးကို ပါးလှပ်တဲ့ ဘောင်လေးတွေကို တွေ့မြင်ရပါတယ်။ အဆိုပါ XZ4 ရဲ့ ဒီဇိုင်းပုံဟာ တစ်ကယ့် ဖုန်းကို ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံမဟုတ်ပဲ ကွန်ပြူတာ အသုံးပြုပြီး ရေးဆွဲထားတဲ့ ပုံတစ်ပုံသာဖြစ်ပါတယ်။ Xperia XZ4 ဟာ အဆိုပါ ဒီဇိုင်းအတိုင်း ထွက်ပေါ်လာမယ်လို့ တစ်ထစ်ချ ပြောလို့မရပေမယ့် အဆိုပါ ပုံ ထွက်ပေါ်လာတဲ့ Source ဟာ သတင်းတွေ မှန်ကန်လေ့ရှိတဲ့ အတွက် Xperia XZ4 မှာ 21:9 အချိုးအစား ရှိ မျက်နှာပြင် ပါဝင်လာမယ်ဆိုတာကတော့ အတိုင်းအတာ တစ်ခုထိ မှန်ကန်နေနိုင်ပါတယ်။
21:9 အချိုးအစား မျက်နှာပြင်ဟာ Facebook, Instagram လို Social App တွေနဲ့ Web Site တွေ ကြည့်တဲ့ နေရာမှာ အရမ်းဆင်ပြေပေမယ့် ရုပ်ရှင်ကြည့်တဲ့နေရာမှာတော့ အချိုးအစား ကိုက်ညီမှု မရှိတာကြောင့် Screen အပြည့် မမြင်နိုင်လို့ အရမ်းကြီးတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။ တစ်ကယ်လို့သာ Xperia XZ4 မှာ 21:9 အချိုးအစား မျက်နှာပြင် အသုံးပြုခဲ့ရင် အရှည်လျားဆုံး မျက်နှာပြင် ပါဝင်တဲ့ ဖုန်းအလုံးအဖြစ် မှတ်တမ်းဝင်သွားနိုင်ပါတယ်။ XZ4 နဲ့ ပက်သက်တဲ့ တစ်ခြား အချက်အလက်တွေကတော့ အပေါ်မှာပြောသွားတဲ့ အတိုင်းပဲ Snapdragon 855 Processor အသုံးပြုထားပြီး နောက်ကျောဘက်မှာ ကင်မရာ သုံးလုံးတွဲ ပါလာမှာပါ။ Display အမျိုးအစားကတော့ P-OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး Sony ထုံးစံအတိုင်း Music နဲ့ Entertainment ဦးစားပေး ဖုန်းတစ်လုံးဖြစ်လာမှာပါ။
Ref: Android Headlines