နိုင်ငံများစွာဟာ 5G ဆက်သွယ်မှုရဖို့ ကြိုးစားနေကြပြီး 5G ရတဲ့ နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ပြီလို့ ဆိုရမယ့် ခေတ် ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ 5G အစောဆုံးရတဲ့ နိုင်ငံအနည်းငယ်ထဲက ၁ နိုင်ငံ ဖြစ်ပြီး အခုတော့ အောက်တိုဘာလအတွင်း 5G User ၁၀ သန်းနီးပါးရှိတယ်လို့ စစ်တမ်း ၁ ခုက ပြောပါတယ်။

South Korea

The Korea Herald က တောင်ကိုရီးယားရဲ့ သိပ္ပံနဲ့ အိုင်စီတီ ဝန်ကြီးဟာ အောက်တိုဘာလအတွင်း 5G Subscriber အရေအတွက် ၉.၉၈ သန်း ရှိတယ်လို့ ပြောကြောင်း သတင်းပေးထားပါတယ်။ စက်တင်ဘာလက ၇၃၅,၁၁၃ ယောက်ထက် အများကြီး တိုးတက်လာတာ မြင်ရပါတယ်။ တောင်ကိုရီးယားမှာ မိုဘိုင်း ဖုန်း အသုံးပြုသူ ၇၀.၄ သန်း ရှိပြီး 5G အသုံးပြုသူဟာ ၁၄.၂ ရာခိုင်နှုန်း ရှိပါတယ်။

South Korea

တောင်ကိုရီးယားမှာ ၂၀၁၉ ဧပြီလကတည်းက 5G ရနေတာ ဖြစ်ပြီး ကမ္ဘာအဝန်းက 5G User တွေထဲမှာ အ‌ရေအတွက် ကြီးကြီးမားမားရှိနေတာပါ။ Apple ဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ 5G iPhone 12 Series ကို ကြေညာပြီးနောက်မှာ 5G User ပိုတိုးတက်လာပါတယ်။

Apple ဟာ လက်ရှိအချိန်အထိ တောင်ကိုရီးယားမှာ iPhone 12 အလုံးရေ ၆ သိန်းကျော် ရောင်းချပေးထားနိုင်ပါပြီ။ အဲဒီမှာ 5G User ပိုများလာပြီး 4G User နည်းလာပါတယ်။ 4G User ၅၃.၉ သန်း ရှိတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားလိုပဲ တရုတ်ဟာလည်း 5G အစောဆုံးရတဲ့ နိုင်ငံ ၁ နိုင်ငံ ဖြစ်ပါတယ်။

Ref : gizmochina